#Unicode
Jennine လည်း ကောင်မလေးကိုရှာရန် ကစားကွင်းထဲမှ ထွက်လာလိုက်သည်။
Jisooမိမိကိုအထူးအဆန်းစကားတွေလာပြောနေသော Jennie Kim ဆိုသော တစ်ယောက်အနားကနေဘယ်လိုပြန်ရမလဲစဥ်းစားနေသည်။
ထိုစဥ် မိမိတို့အရှေ့၌ စကားများနေသောအမူးသမားလင်မယားအား Jisoo ခဏကြည့်လိုက်မိပြီး
မိမိဘေးနားက တစ်ယောက်ကိုပြန်ကြည့်မိလိုက်တော့ Jennie Kim ဆိုသောတစ်ယောက်ကဟိုလင်မယားဆီအာရုံရောက်နေတာမို့ အခွင့်အရေးကိုအသုံးချကာ သူမအနားကနေ ထွက်လာခဲ့လိုက်သည်။Jennie လည်းမိမိအရှေ့က မပြေးရုံတစ်မယ်ခြေလှမ်းဖြင့်သွားနေသော ကောင်မလေးရဲ့
နောက်ကျောကို မြင်နေရတာမို့ အော်ခေါ်လိုက်သည်။ဟေးးးးးးးနာမည်ကျော်မလေး
ဟီး လှည့်မကြည့်ဘူးဟ အဲ သိပြီ Jennie ကျောင်းဝတ်စုံဝတ်ထားသောအရှေ့က ကောင်မလေးကို ထပ်အော်ခေါ်လိုက်သည်
ဟေးးးးးးးအဖြူရောင်မလေး(laugh)
Jisoo အနောက်ကနေအော်ခေါ်နေသံကြားသော်လည်း လှည့်မကြည့်ပဲ အရှေ့ကိုသာ ခပ်မြန်မြန်လျှောက်နေမိသည်
Jennie ထပ်ပြီးအော်ခေါ်လိုက်သည်
ဟေးးးးးးး Kim Ji Soo
Jisoo မိမိနာမည်ကို ခေါ်တာကြားလိုက်ရလို့ ခြေလှမ်းများတုံ့ခနဲရပ်လိုက်မိသည်
သူ ငါ့နာမည်ကို ထပ်ခေါ်ပြန်ပြီပဲ Jisoo ကိုယ်တိုင်မသိခင်မှာပင် အနောက်ကိုလှည့်လိုက်ပြီး မိမိနာမည်ကိုခေါ်လိုက်သော Jennie Kim ဆိုတဲ့တစ်ယောက်အား ကြည့်လိုက်မိသည်Jennie လည်း မိမိအားလှည့်ကြည့်လာသော
Kim Ji Soo ကို (Gummy Smile) လေးနဲ့ပြုံးပြနေစဥ် မိုးများရွာချလာသဖြင့် ဘာမှစဥ်းစားမနေတော့ပဲ Kim Ji Soo အနားပြေးသွားလိုက်ပြီး လက်ကိုဆွဲ၍ ကစားကွင်းဆီသို့ ပြေးလာလိုက်သည်Jisooမှာ ရုတ်တရက်မို့ မိမိလက်ကိုကိုင်၍ပြေးနေသောကောင်မလေးနောက်သို့အကြောင်သားဖြင့်လိုက်လာမိလိုက်တာ ကစားကွင်းထဲသို့ ပြန်ရောက်လာသည်
Jennie လည်းမိုးခိုလို့ရမည့်နေရာအားအလျင်အမြန်ရှာလိုက်ကာ ကလေးများလျှောစီးရာအောက်သို့ ဝင်လိုက်သည် Jisoo ကိုပါခေါ်လိုက်တယ် လာလေ ဒီအောက်ကိုလာ မိုးတွေရွာနေတာကို ဘာလို့အဲ့မှာ ရပ်နေတာလဲ စိုကုန်လိမ့်မယ်...
YOU ARE READING
You're my mind
Fanfictionငါကတော့နင်နဲ့အတူသေဖို့အထိဆုံးဖြတ်ထားပေမယ့် ငါ့ကိုသေမင်းနှုတ်ခမ်းဝမှာထားခဲ့ပြီးကိုယ်လွတ်ရုန်းသွားတဲ့နင့်ကိုငါဒီတစ်သက်ဘယ်တော့မှမမေ့ဘူး #Kim Jisoo