#Unicode
Jen ထွက်ပြေးရင်း အုတ်တံတိုင်းကို တွေ့တာကြောင့် ကျော်တက်ပြီး တစ်ဖက်ကိုခုန်ချလိုက်သည်။
ထိုစဥ် နှင်းများကျဆင်းလာ...
Jen ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး" Jen နင် နှင်းကျလာရင် ဘာလုပ်မှာလဲဟင်....
ငါ နင်နဲ့အတူ ထိုင်ကြည့်ချင်တယ် Ji "
Ji ရဲ့စကားများ နားထဲမှာ ပြန်ကြားယောင်လာပြီး
မျက်ရည်များကျဆင်းလာပြန်သည်။အနီးပတ်ဝန်းကျင်းကို ကြည့်မိတော့ သစ်တောအုပ်ထဲကိုရောက်နေမှန်းသူမသိလိုက်သည်။" ဟေးးးးးမပြေးနဲ့...
အဲ့မှာရပ်လိုက်....မပြေးနဲ့လို့ပြောနေတယ်နော် "အနောက်မှ အော်တဲ့ အသံကြောင့် Jen ခြေထောက်နဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးနေတော့သည်။ Jen ပြေးရင်း တောအုပ် အစပ်ကို ရောက်သွားတော့ ခြေစုံရပ်လိုက်မိသည်။ ကံကောင်းတယ်ပဲ ပြောရမလား ကားလမ်းမ ဖြစ်နေပြီး ကားတစ်စီး လာနေတာကိုတွေ့လိုက်ရသည်။
သူမ ကြည့်နေစဥ်မှာပဲ အဲ့ဒီ့ ကားက ရပ်သွားပြီး
ကားပေါ်က ဆင်းလာတဲ့ လူကို မြင်တော့မှ Jen သတိကပ်ပြီး အနောက်ကို လှည့်ကြည့်လိုက်တော့
သူမနောက်ကို ပြေးလိုက်ခဲ့တဲ့ လူဟာ ပြီတီတီ မျက်နှာနဲ့ ရပ်ကြည့်နေတာကိုပါတွေ့လိုက်သည်။တတ်နိုင်သမျှတော့ပြေးရမှာပဲ သူတို့လက်ထဲတော့ အမိခံလို့ မဖြစ်ဘူး။ တောအုပ်ထဲသို့ ပြန်ဝင်ပြေးပြီး မျက်ခြေဖျက်နိုင်ရန် ကြိုးစားရတော့သည်။ သစ်ပင်တွေကြားထဲမှ ရုတ်တရက် လမ်းမဘက်သို့ ဖြတ်ထွက်ပြီးပြေးလိုက်တော့ လမ်းဆုံ တစ်ခုကိုရောက်နေမှန်း သတိထားလိုက်မိသည်။
" Oh! ဒါ ရထားလမ်းပဲ.... မဟုတ်သေးဘူး...ကားလမ်းလဲရှိနေတယ်... ဘူတာရုံတစ်ခုပဲ...... "
အနောက်ကလိုက်လာတဲ့နှစ်ယောက်ကလည်း မမောမပမ်းနိုင်သေးဘူးလားမသိဘူး ငါ့မှီတော့မယ်...
ရထားအတွဲပြတ်တွေ အများအပြားရပ်ထားတဲ့နေရာသို့ပြေးလိုက်ပြီး တစ်ခုရဲ့အောက်သို့ ဝင်ပုန်းနေလိုက်သည်။
" ဟေးးးးးထွက်လာခဲ့နော်။ ဒီအနားမှာ ရှိတယ်ဆိုတာ ငါတို့သိတယ်နော်....ဦးတို့က မင်းထင်သလို
လူဆိုးတွေ မဟုတ်ပါဘူး ....မြန်မြန်ထွက်လာခဲ့ပါ "
YOU ARE READING
You're my mind
Fanfictionငါကတော့နင်နဲ့အတူသေဖို့အထိဆုံးဖြတ်ထားပေမယ့် ငါ့ကိုသေမင်းနှုတ်ခမ်းဝမှာထားခဲ့ပြီးကိုယ်လွတ်ရုန်းသွားတဲ့နင့်ကိုငါဒီတစ်သက်ဘယ်တော့မှမမေ့ဘူး #Kim Jisoo