#Unicode
Jennie ကျောင်းသွားဖို့ကို စိတ်လှုပ်ရှားနေမိသည်။ အခုဆိုရင် Jennie ဟာ သူမအဖေရဲ့ကျေးဇူးကြောင့် အမေရိကမှဆိုးလ်ကို ကျောင်းပြောင်းခွင့်ရခဲ့ပြီး
ဒီနေ့ဟာ သူမ ကျောင်းစတက်ရမည့်နေ့ဖြစ်တာကြောင့်စိတ်လှုပ်ရှားနေမိခြင်းသာ
ကျောင်းရောက်သွားရင်အတန်းဖော်အသစ်တွေနဲ့အဆင်ပြေပါ့မလား ဆိုတဲ့အတွေးကြောင့်မဟုတ်
ဘာလို့ဆို သူမက အမေရိက မှာထဲက သူငယ်ချင်းမရှိပေ မရှိဘူးဆိုတာထက် မထားတာဆိုပိုမှန်လိမ့်မယ် သူမဟာ ဘယ်သူနဲ့မှမရောပဲတစ်ယောက်တည်းသီးသန့်နေတတ်တဲ့သူပါ
ကျောင်းဝတ်စုံကိုဝတ်ပြီးချိန်တွင်
အယ် ဒီ ယူနီဖောင်းကို ငါသေချာ မြင်ဖူးပါတယ်
ကိုယ့် ကျောင်းဝတ်စုံကို ပြန်ကြည့်ကာ
ဦးနှောက်ကို အပြေးအလွှားအလုပ်ပေးမိတော့ဟ...ဒါ...ဒါ ဟို ဟို နာမည်ကျော်မလေး
Kim Ji Soo ရဲ့ဝတ်စုံပဲ
ဒါ....ဒါဆို သူနဲ့ငါနဲ့က တစ်ကျောင်းထဲပေါ့...
စားပွဲခုံပေါ်တင်ထားသောထီးလေးကို ကျောပိုးလွယ်အိတ်ထဲထည့်ပြီး Jennie ကျောင်းသို့ထွက်လာလိုက်သည်
.
.
.
.
.
Jennie ကျောင်း ရောက်သည်နှင့် ကျောပိုးလွယ်အိတ်ထဲကထီးလေးကိုထုတ်လိုက်ပြီး
လက်ထဲကိုင်ကာ Jisooကိုရှာပုံတော်ဖွင့်ခန်းစတင်လေတော့သည်။Jennie လမ်းလျှောက်နေရင်း မိမိအားကွက်ကြည့်ကွက်ကြည့် လုပ်နေသော ကျောင်းသူများကိုမြင်သော်လည်း Jisoo အကြောင်းမမေးပဲ မိမိဘာသာဆက်ရှာနေလိုက်သည်။
ဟေ့ နင် ဘယ်သူ့ကို ရှာနေတာလဲ
*Jennie မိမိအားစကားလာပြောသော ကျောင်းသူနှစ်ယောက်အား ကြည့်လိုက်ပြီး အင်း ..သူတို့ကိုပဲ မေးလိုက်တော့မယ် *
Kim Ji Soo ကို သိလား?
ကျောင်းသူနှစ်ယောက်ခေတ္တမျှစဥ်းစားပြီးနောက်
တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး
ဟဲ့ Kim Ji Soo ဆိုတာ ဟို ..နံပါတ်(၂၇) လေ...*ဘာလဲဟ ဒါလေးမေးတာကို ဘာလို့ သူတို့ ငါ့ကို ကြည့်သွားပုံက.....မိမိအမေးကို မဖြေပဲ သူတို့အချင်းချင်းတီးတိုးပြောဆိုပြီး ထွက်သွားသော ကျောင်းသူနှစ်ယောက်ကြောင့်...Ahh..စိတ်တိုလိုက်တာ *
YOU ARE READING
You're my mind
Fanfictionငါကတော့နင်နဲ့အတူသေဖို့အထိဆုံးဖြတ်ထားပေမယ့် ငါ့ကိုသေမင်းနှုတ်ခမ်းဝမှာထားခဲ့ပြီးကိုယ်လွတ်ရုန်းသွားတဲ့နင့်ကိုငါဒီတစ်သက်ဘယ်တော့မှမမေ့ဘူး #Kim Jisoo