#Unicode
အချိန်အတော်တန်ကြာသည်အထိပြန်ရောက်မလာသေးသောကြောင့် Jin Hee အပေါ်အက်ျီတစ်ထည်ကိုယူဝတ်လိုက်ကာ သူကိုယ်တိုင်လိုက်ရှာဖို့ဆုံးဖြတ်လိုက်သည်။
" အဒေါ်ကြီး...နေပါအုံး ။ အဖေပြန်လာတာကို စောင့်ပါအုံးလား။ အဖေနဲ့အတူJisoo ပြန်ပါလာမှာပါ"
" နင့်အဖေကိုငါမစောင့်နိုင်တော့ဘူး။ ဒီလောက်ကြာနေပုံထောက်ရင်ငါ့သမီးလေး တစ်ခုခုဖြစ်နေလို့ပဲ "
Yeri ဆွဲထားသည့် ကြားမှ အတင်းရုန်းနေသော Jin Hee
Jiyong အိမ်ကိုပြန်လာစဥ် အိမ်ရှေ့၌ ရုန်းရင်းဆန်ခက်ဖြစ်နေသော နှစ်ယောက်ကိုမြင်ကာ ခြေလှမ်းများရပ်သွားသည်။
" အဒေါ်ကြီး... ဘယ်သွားမလို့လဲ "
" နင်ပြန်လာပြီလား??? ။ Jisoo ဘယ်မှာလဲ???
ငါ့သမီးကိုနင်သွားခေါ်တယ်ဆို ဘာလို့မပါလာတာလဲ??? အဲ့ကလေးမကဘယ်မှာကျန်နေခဲ့တာလဲ???"" ကျွန်တော်ပြောတာခနလေးနားထောင်ပါဦး "
" နားမထောင်နိုင်ဘူး။ နင့်ကိုလဲငါမယုံတော့ဘူး။နောက်ပြီး ငါတို့Jisoo လေးရဲ့အဖေကလူသတ်တာမဟုတ်ပဲမှားစွပ်စွဲခံရတာဆို။ အဲ့အသတ်ခံရတဲ့မိသားစုရဲ့လိပ်စာငါ့ကိုပေးစမ်းပါ။သူတို့သားသမီးသေသွားတာနဲ့ ငါ့သမီးလေးကသေပေးရမှာလား???သနားစရာငါ့သမီးလေး ...အီ....ဟီး...ဟီး.... "
ပြောရင်းငိုနေတဲ့ အဒေါ်ကြီးကိုကြည့်ကာ Yeriအတွေးထဲယောက်ယက်ခက်သွားသည်။ Jisoo ရဲ့အဖေကလူသတ်သမားလား???
" Appa....Appa ပြောတော့ Jisoo ရဲ့အဖေက စုံထောက်တစ်ယောက်ဆို ။ အခုကဘယ်လိုဖြစ်ပြီး.... အာ...Appa ကသမီးကိုလိမ်ခဲ့တာပဲ Appa ကိုအရမ်းမုန်းတယ် "
အော်ဟစ်ငိုယိုကာအိမ်ထဲပြေးဝင်သွားတဲ့ Yeri ကြောင့် Jin Hee နားမလည်နိုင်ဖြစ်နေသည်။
Jiyong ကိုကြည့်တော့လည်း မျက်နှာမှာအတော်ပင်ပျက်နေသည်။ သူစကားပြောဖို့ ပြင်လိုက်စဥ်မှာပင် Jiyong ဘက်ကအသံထွက်လာသည်။
" အဒေါ်ကြီး တောင်းပန်ပါတယ်။ Yeri ကအဲ့ကိစ္စတွေကိုဘာမှမသိထားလို့ပါ။ အခုရုတ်တရက်သိလိုက်ရတော့ သူလန့်သွားတာပါ။ကျွန်တော်သေချာသွားရှင်းပြလိုက်ပါ့မယ်။ ပြီးတော့ Jisoo လေးကိုလဲ ကျွန်တော်တွေ့အောင် ရှာပေးမှာမို့ခနလေးပဲစောင့်ပေးပါနော် "
YOU ARE READING
You're my mind
Fanfictionငါကတော့နင်နဲ့အတူသေဖို့အထိဆုံးဖြတ်ထားပေမယ့် ငါ့ကိုသေမင်းနှုတ်ခမ်းဝမှာထားခဲ့ပြီးကိုယ်လွတ်ရုန်းသွားတဲ့နင့်ကိုငါဒီတစ်သက်ဘယ်တော့မှမမေ့ဘူး #Kim Jisoo