Chapter<1>

11.1K 463 11
                                    

အချစ်နှင့်စစ်ရက်ရှည်
Chapter<1>

ခလွမ်းး!!

"ဟဲ့..ဘာဖြစ်တာလဲ"

ဧည့်ခန်းဆီကပန်းကန်လုံးကျကွဲသံကြောင့်ဂူအိမ်တော်ရဲ့သူဌေးမ..ဂူယွီလောင်းတစ်ယောက်ပြေးဆင်းလာလေရဲ့..ဧည့်ခန်းထဲရောက်တော့ခြေတုန်လက်တုန်နဲ့ဖန်ကွဲစတွေကြားရပ်နေတဲ့ကောင်လေးကိုတွေ့သွားတယ်။

"ရှောင်ကျန့်.."

"ဗျာ..ဗျာ..သခင်မ"

"နင်လုပ်ချလိုက်ပြန်ပြီပေါ့..ဟုတ်လား.."

"လက်..လက်ကချော်သွားတာ.."

"တော်စမ်း..အမြဲရှပ်ပြာရှပ်ပြာနဲ့..နင်သေမယ်နော်..သေမယ်..တောက်ခ်"

ကြိမ်းမောင်းပြောဆိုရင်းရှောင်ကျန့်နားရွက်တွေကိုပါလိမ်ဆွဲလာတယ်။နာပေမယ့်လည်းသူမအော်ရဲဘူး..အော်ရင်ဒီ့ထက်ပိုနာမယ်ဆိုတာသူသိနှင့်နေပြီ..

"အခုအဲ့ဖန်ကွဲစတွေကိုကောက်..သေချာသွားပစ်..တစ်ခုခုထပ်ဖြစ်ကြည့်..နင့်ကိုအသေသတ်မယ်..ဟွန်း.."

"ဟုတ်..ဟုတ်ကဲ့"

"တစ်ကတည်း..ဒင်းကြောင့်အစည်းအဝေး အမြဲနောက်ကျရတယ်..မွေးကတည်းကအသေလေးမွေးလာရမှာ"

ကြွေပြားပေါ်မွကြဲနေတဲ့ဖန်ကွဲစတွေကိုဂရုတစိုက်နဲ့ရှင်းလင်းနေရင်းကရှဖြစ်အောင်ရှသွားသေးသည်။ဝေ့ဝဲလာတဲ့မျက်ခမ်းစပ်ကအရည်တွေကိုလက်ဖမို့နဲ့ခပ်ကြမ်းကြမ်းဖိသုတ်ကာအမှိုက်ပစ်ဖို့ခြံပြင်ထွက်လာခဲ့တယ်။

*ကျွန်တော့်နာမည်ရှောင်ကျန့်..အသက်ကမနက်ဖြန်ဆိုနှစ်ဆယ်ပြည့်ပြီ..ကျွန်တော့်ဘဝအကြောင်းပြောရမယ်ဆိုရင်တော့ဒီဂူအိမ်တော်ကသူဌေးကြီးကကျွန်တော့်ရဲ့အဖေအရင်းပဲ..မားဆုံးသွားပြီးတည်းကမလိုချင်ပဲရလာတဲ့ကလေးမို့အဖေကအရေးမပေးခဲ့ဘူး..နောက်ရောက်လာတဲ့မိထွေးမှာသားနှစ်ယောက်နဲ့သမီးတစ်ယောက်ပါလာတယ်..အကုန်လုံးကကျွန်တော့်ထက်ငယ်ကြတယ်..ဒါမဲ့အရမ်းရိုင်းတယ်.ဒီလောက်ဆိုသိရောပေါ့..ကျွန်တော်ရှောင်ကျန့်က..ဒီဂူအိမ်တော်ရဲ့ကျွန်သာသာပါပဲ..*

"ရှောင်ကျန့်..ဟျောင့်.."

"လာပြီ..လာပါပြီအကိုလေး"

👨‍✈️အချစ်နှင့်စစ်ရက်ရှည်[Completed]Where stories live. Discover now