Chapter<8>

3.2K 229 1
                                    

အချစ်နှင့်စစ်ရက်ရှည်
Chapter<8>

ရိပေါ်နဲ့တွေ့ပြီးတော့ထမင်းစားဆောင်ထဲသူဝင်လာခဲ့တယ်..ဝင်ဝင်ခြင်းရင်ဆိုင်လိုက်ရတာကလီဖေးရဲ့အုံ့မှိုင်းနေတဲ့မျက်နှာ...

"ကျွန်တော်တောင်းပန်ပါတယ်လီဖေး.."

"မင်းအမှားမှန်းတော့မင်းသိသားပဲ.."

"အကျန့်အရင်တုန်းကတစ်ခါမှမလုပ်ဖူးလို့ပါ..နောက်တစ်ခါမဖြစ်စေရပါဘူး"

"နောက်တစ်ခါဆိုရင်လည်းမင်းနဲ့တစ်ဖွဲ့တည်းမကျချင်တော့ဘူး.."

ထိုမျှပြောကာလီဖေးထွက်သွားခဲ့သည်။စိတ်မကောင်းတွေဖြစ်ပြီးကျန်ခဲ့ရသူကသူပါပဲ..အရင်လိုမျက်ရည်လည်းမကျချင်တော့ပါဘူး..တစ်ယောက်သောသူကပျော့ညံ့တာမကြိုက်ဘူးလေ..
*********
ဂျိန်းးးးဝေါ!

"ဆွဲထား..ဆွဲထားကြ..ဆက်ဆွဲAlphaတို့.."

လေ့ကျင်းရေးပြီးခါနီးမှမိုးကဒလဟောရွာချလာတာမို့တပ်သားတစ်ချို့လွန်ဆွဲကာကစားနေကြခြင်း..တစ်ခါတစ်လေတော့လည်းသူတို့ဘဝလေးတွေကသနားစရာအတိ..ဂရုဏာသက်မိတာမို့အဝေးကကြည့်နေတဲ့တပ်ကြပ်လီတစ်ယောက်လည်းဝင်ပြီးအားပေးမိသည်။

"အင့်..ငါတို့နိုင်မှာကွ"

"သေလေ..ဟားဟား"

တစ်ဖက်နှင့်တစ်ဖက်မခံချင်အောင်ပြောနေကြပြီးလွန်ဆွဲပွဲလေးကကြည်နူးမှုတစ်စွန်းတစ်စကိုပေးနေတယ်..

"အင့်..အား"

နောက်ဆုံးမှာတော့လီဖေးပါတဲ့ဘက်ကရှုံးသွားရတယ်လေ..

"ကျစ်..တစ်နေ့လုံးကံမကောင်းဘူး.."

တစ်ဖက်အဖွဲ့ကိုချီးကျူးပြီးတပ်ကြပ်လီဘေးဝင်ထိုင်လာတာမို့..နဂိုထဲကတပ်ကြပ်လီဘေးထိုင်နေတဲ့ရှောင်ကျန့်နဲ့မလှမ်းမကမ်းဖြစ်သွားရတယ်။

"ဆက်မဆော့ဘူးလား"

"တော်ပါဗျာ..ကျုပ်ဒီနေ့ကံကိုမကောင်းဘူး.."

ရေစိုနေတဲ့ဆံပင်တွေကိုချွတ်ချထားတဲ့အပေါ်အင်္ကျီနဲ့ပြန်သုတ်နေတဲ့လီဖေးကလူတစ်ယောက်အပေါ်အမြင်မကြည်တာကလွဲရင်စိတ်ရင်းလေးတော့ကောင်းရှာပါရဲ့..

👨‍✈️အချစ်နှင့်စစ်ရက်ရှည်[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ