Chapter<20>(Final)

3.9K 177 9
                                    

အချစ်နှင့်စစ်ရက်ရှည်
Chapter<20>(End)

အိမ်ရောက်တာနဲ့မနားတော့ပဲဆေးသုတ်ဖို့အလုပ်တွေစလုပ်ရသည်။အပေါ်ပိုင်းဗလာနဲ့ယုန်ဖြူလေးကမသိရင်ကျားတစ်ကောင်လိုလို..

"ပန်းအိုးတွေကိုဒီနားလောက်ထားမလားအမှူး"

"ဘာပန်းတွေဝယ်လာတာလဲ"

"အွန်း..အစုံပဲ..နှင်းဆီ..နေကြာ..နောက်..ပန်းတွေအများကြီးပါသေးတယ်"

ရိပေါ်ခေါင်းငြိမ့်လိုက်တယ်..လူကအိမ်တောင်ပြန်မရောက်သေးဘူး..မှာထားတဲ့ပန်းပင်တွေကအစုလိုက်အပြုံလိုက်ရောက်နေခဲ့သည်။

"နေကြာတွေကိုနေရောင်ကောင်းကောင်းရတဲ့နေရာမှာထား..သူတို့ကနေရောင်ရမှလန်းတာ.."

"ဒါတော့အမှူးပြောမှာလား..သိတာပေါ့.."

"ေဟာဗျာ..ရန်ကထောင်ပြန်ပါပြီ"

"မဟုတ်ဘူးလေ..ကျန့်လေးပြောတာကခြံထဲကိုလှလည်းလှပြီးသပ်သပ်ရပ်ရပ်လေးဖြစ်ဖို့ဒီပန်းတွေနဲ့ဘယ်လိုအလှဆင်ရမလဲမေးတာ.."

"အော်..စောစောကပြောလေ.."

"အမှူးမှဆုံးအောင်နားမထောင်ပဲ.."

"စိတ်မဆိုးလိုက်ပါနဲ့..နှင်းဆီတွေကရေကန်ဘေးမှာနေရာချလိုက်..နေကြာတွေကိုလမ်းတစ်ဖက်တစ်ချက်မှာထား.."

"အွန်း..မဆိုးဘူး"

"ကျန်တဲ့အလှပန်းတွေနဲ့အပင်တွေကိုအိမ်အဝတစ်ဖက်တစ်ချက်ဆီမှာစီစီရီရီလေးထား..အဲ့လောက်ဆိုရပြီ"

"ဟုတ်..လုပ်ကြည့်လိုက်မယ်"

"အင်း..ဖြည်းဖြည်းမချော်လဲအုန်းမယ်"

"ရပါတယ်..ဒီလောက်ကတော့.."

ခလှမျးးး!!

"ဟာ..ပန်းအိုးကွဲသွားပြီ"

"အင့်..အဟင့်..ဗြဲ..."

"ဟာ..မငိုနဲ့လေကျန့်လေးရာ..နာသွားလို့လား..ပန်းအိုးစတွေဆူးသွားလို့လား..ဟမ်"

"ချော်လဲတာကိုပန်းအိုးကိုအရင်စိတ်ပူနေတယ်..အမှူးက"

"ဟင်း..ကျန့်လေးရယ်..ဘယ်အချိန်ထိဂျစ်တိုက်နေမှာလဲ..ပန်းအိုးကွဲသွားပြီဆိုပြီးပြောလိုက်တာ..ပန်းအိုးကိုစိတ်ပူတာမဟုတ်ရပါဘူး.."

👨‍✈️အချစ်နှင့်စစ်ရက်ရှည်[Completed]حيث تعيش القصص. اكتشف الآن