အချစ်နှင့်စစ်ရက်ရှည်
Chapter<19>"နေတောင်ပွင့်လာပြီ..အမှူးဘာစားမလဲ"
"ကျန့်လေးသဘော"
"လုပ်ပြန်ပြီ..စားချင်တာပြောပါ"
"အင်း..အဆင်ပြေတာလုပ်"
"ဟင်းးးးပေါင်မုန့်ယိုသုပ်လေးနဲ့ကော်ဖီနဲ့သောက်မလား"
"အွန်း.."
"အင်း..အာ့ပဲလုပ်လိုက်တော့မယ်..ခဏစောင့်ပါဗျ"
ရိပေါ်ကိုထမင်းစားပွဲနားပြန်ကပ်ပေးထားလိုက်ပြီးသူကတော့ပေါင်မုန့်လေးတွေကိုယိုသုပ်ဖို့စလုပ်တယ်
"ဒါနဲ့..အမှူး..စားပြီးရင်ဆရာဝန်ဆီသွားရအောင်"
"ဘာလို့လဲ..ကျန့်လေးဘာဖြစ်လို့လဲ"
"ကျန့်လေးကဘာမှမဖြစ်ပါဘူး..အမှူးအတွက်"
"ဘာများလဲ"
"အမှူးခြေထောက်တွေဘယ်အခြေအနေရှိလဲသေချာသိချင်လို့ဒါမှ...သင့်တော်တဲ့လေ့ကျင့်ခန်းတွေလုပ်ရမှာလေ.."
"ကောင်းတာတော့ကောင်းပါတယ်..ဒါမဲ့..ကိုယ်ကတော့သိပ်မျှော်လင့်မထားဘူး"
"ကျန့်လေးကတော့ယုံကြည်တယ်..အမှူးခြေထောက်တွေပြန်ကောင်းလာမှာ..ဘာ့ကြောင့်လဲသိလား"
"ဟင့်အင်း"
"ကျန့်လေးအချစ်တွေကြောင့်လေ..ခ်ခ်"
"ဟက်..တော်တော်နောက်တဲ့ကလေး"
"ဟီးးးရပြီ.."
"အင်း..ဒါဘာယိုလဲ"
"စတော်ဘယ်ရီ"
"အော်..ကိုယ့်မှာအရင်ကမဝယ်ထားပါဘူး"
"မနေ့ကဝယ်လာတာ.."
"အင်း"
မျက်စိရှေ့ကပေါင်မုန့်ယိုသုပ်တစ်ချပ်ကိုရိပေါ်ကောက်ကိုင်လိုက်ပြီးတစ်ကိုက်ကိုက်လိုက်တယ်။
"ကောင်းလားအမှူး"
"မဆိုးပါဘူး..ကိုယ်ကစတော်ဘယ်ရီသိပ်မကြိုက်လို့"
"ဟုတ်လား..စတော်ဘယ်ရီဆိုလို့လေ..မေးစရာလေးတွေရှိတယ်"
"ပြောလေ.."
STAI LEGGENDO
👨✈️အချစ်နှင့်စစ်ရက်ရှည်[Completed]
Fanfictionဒီတစ်ပုဒ်မှာတော့..ဗိုလ်မှူးကြီးဝမ်ရိပေါ်ကတပ်သားလေးကျန့်ကျန့်ကိုအထိမခံကြွေပန်းကန်လိုမျိုးစောင့်ရှောက်တက်တဲ့စရိုက်လေးကိုတွေ့ရမှာပါနော်😘