Chapter<13>

2.6K 150 2
                                    

အချစ်နှင့်စစ်ရက်ရှည်
Chapter<13>

ရှောင်ကျန့်ထမင်းစားပြီးတာနဲ့နှစ်ယောက်လုံးအဆောင်ဘက်ပြန်ထွက်လာကြတယ်..လမ်းမှာတိတ်ဆိတ်လို့ပေါ့..

"ကြယ်စုံတဲ့ညပဲ"

". .."

ရိပေါ်ရဲ့တီးတိုးရေရွတ်သံကိုကြားတော့ရှောင်ကျန့်တစ်ယောက်ကောင်းကင်ကြီးဆီမော့ကြည့်လေရဲ့..တလက်လက်တောက်နေတဲ့ကြယ်လေးတွေခြယ်ရံထားတဲ့လုံးဝန်းနေတဲ့လမင်းကြီးကိုသူတန်းမြင်မိတာ..နှုတ်ခမ်းပါးလေးတစ်စုံဟာကွေးညွှတ်သွားချိန်ဘေးကစိုက်ကြည့်နေတဲ့လူကြောင့်ပြန်ပြီးအေးစက်သွားရတယ်

"အိပ်ရအောင်"

"ဟုတ်"

လှုပ်တုတ်လှုပ်တုပ်နှင့်အဆောင်ထဲဝင်သွားပြီးမှကုတင်လေးပေါ်အိပ်ယာခင်းကိုသေချာဖြန့်ခင်း..အဝတ်တွေကိုဘေးဘက်ကိုတွန်းပို့..နဲ့အလုပ်ရှုပ်နေတဲ့ယုန်ငယ်..

"ဒါကဘယ်လိုဖြစ်တာလဲ.."

"ဗျာ..အမှူးး..အဲ..ဗိုလ်မှူး..ဘာကိုလဲ"

"ရှုပ်ပွနေတာပဲ..စစ်သားတစ်ယောက်လုပ်နေပြီးစည်းကမ်းမရှိလိုက်တာ.."

". .."

*အစကတော့စနေတာပဲ..အခန်းထဲဝင်လိုက်တော့ချော့ချင်တဲ့စိတ်တောင်ပျောက်တယ်..ဝယ်ပေးထားတဲ့အဝတ်တွေကိုဟိုပုံဒီပုံလုပ်ထားတယ်လေ..အသစ်တွေဟာကိုဖုန်တွေပေကြံအောင်လုပ်ထားတာ..ဒေါသကထောင်းခနဲပဲ*

"အခုရှင်း..သူ့နေရာနဲ့သူထား..မပြီးမချင်းမအိပ်နဲ့..ရှင်းးး!!"

"ဟုတ်ကဲ့ဗိုလ်မှူး"

ဆူပုတ်ပုတ်လေးနဲ့ခေါင်းကြီးငုံ့သွားကာအခန်းငယ်လေးကိုစပြီးသန့်ရှင်းဖြစ်တော့သည်။

"အဲ့ဒါကိုအဲ့လိုမထည့်ရဘူး..ဒီမှာ.."

"ဟုတ်.."

"ဒါကဒီကဟာလေ..ဘယ်တွေချောင်ထိုးနေလဲ"

"ဟုတ်ကဲ့.."

"ကျစ်..ဒီမှာညစ်ပတ်နေတာရေဆေးချလေ.."

"ဟုတ်ကဲ့.."

အနားကနေလိုက်ပြောနေရင်းကသူကိုယ်တိုင်ပဲဝင်ရှင်းပေးလိုက်ရတယ်..

👨‍✈️အချစ်နှင့်စစ်ရက်ရှည်[Completed]Место, где живут истории. Откройте их для себя