'တစ်ပတ်ခန့်ကြာသော်'
"မေမေ"
"ဖေဖေ"
လေယဥ်ကွင်းထဲသို့လေယဥ်တစ်စင်းဆိုက်ရောက်သည်။ထိုလေယဥ်မှာဦးသတိုးမင်းခေါင်နှင့်ဒေါ်ထိပ်တင်ထားတို့စီးနှင်းလိုက်ပါလာသည့်လေယဥ်ဖြစ်သည်။
"သားတို့"
"မေမေသားမှာတာတွေပါလား"
"ပါတာပေါ့ကွယ်"
"ဖေဖေနေရောကောင်းရဲ့လား"
"ကောင်းပါတယ်သားကြီးရယ်လေယဥ်မစီးတာကြာလို့နည်းနည်းပဲမူးတာပါ"
"ဖွားဖွားရော"
"ဖွားဖွားကခေါင်းမူးလို့တဲ့နေခဲ့တယ်"
"လာလာအိမ်ပြန်ကြမယ်"
သားမိသားဖ၄ယောက်အလွမ်းသယ်နေသည်နှင့်အိမ်ပြန်ဖို့မေ့နေကြသည်။ဒေါ်ထိပ်တင်ထားသည်မာနကြီးသည်။ထက်သည်။မြတ်သည်။အောက်ခြေလူတန်းစားတွေနှင့်မပေါင်း။ဦးသတိုးမင်းခေါင်ကတော့မတူလူလူချင်းတန်းတူဆက်ဆံသည်။အေးဆေးသည်။အနေတည်သည်။သဘောကောင်းသည်။ဒါကြောင့်သားနှစ်ယောက်မှာတောင်သားငယ်လေးဧကရာဇ်ကမိခင်နှင့်တူပြီးသားကြီးမြင့်မြတ်ဟိန်းကတော့အဖေနဲ့တူသည်။ဒေါ်ထိပ်ထားရဲ့အပြုမူတွေကိုဦးသတိုးလုံးဝမကြိုက်ပေ။
ပိတောက်ရိပ်မြုံဆိုသည့်ခြံဝန်းလေးထဲသို့ကားတစ်စီးဆိုက်ရောက်လာသည်နှင့်တပြိုင်နက်ဒရိုက်ဘာဦးလေးကြီးကတံခါးလာဖွင့်သည်။
"အမေ့သားတို့ပြန်လာပြီ"
"အော်အေးအေး"
"အမေခေါင်းမူးလို့ဆို"
"အေးနည်းနည်းပါကွယ်သားတို့နားကြတော့"
"ဟုတ်ကဲ့အမေ"
\\\\\\\\\\\\
´ဒုန်း!!!!!'
"မင်းအဲ့ကလေးကိုဘယ်အချိန်ထိအိမ်မှာခေါ်ထားမှာလဲ"
"ကျွန်မဘာသာထားချင်တဲ့အချိန်ထားမယ် ရှင့်အပူတစ်ပြားမှပါဘူး"
"ဘာကွ မင်းကငါ့ကိုအိမ်ဦးနတ်လို့ကောသတ်မှတ်သေးရဲ့လား"
"ဘာ အိမ်ဦးနတ်ဟုတ်လားနေ့တိုင်းအရည်တေမျိုနေတာကြတော့ရော ဘယ်ကစောက်ဆံနဲ့တုန်း"
"ဟာကွာ တောက်စ်"
ဒါကတော့ဒေါ်အေးလှနဲ့သူ့ယောက်ကျားတို့ရန်ဖြစ်နေကြတာပါ။မိုးသားကတော့အိမ်ခန်းထဲကနေအတိုင်းတားကြားနေရသည်။ရန်ဖြစ်ရတဲ့အခါတိုင်းအကြောင်းအရင်းကမိုးသားကြောင့်ဖြစ်သည်။
"မင်းအဲ့ကလေးကိုသူများကိုပေးရင်ပေး မပေးရင်ငါအဲ့ကောင်ကိုသတ်မိလိမ့်မယ်"
ဦးလေးအိမ်ပေါ်ကဆင်းသွားတော့ကြီးကြီးကထိုင်ငိုနေသည်။မိုးသားလဲကြီးကြီးနားသွားပြီးတော့.......
"ကြိးကြီး ငိုနေတာလား"
"မဟုတ်ပါဘူးသားရယ်"
"သားသိပါတယ် သားကိုဦးလေးကမထားချင်ဘူးမလား"
"သားရယ်"
ဒေါ်အေးလှပြောလဲပြောငိုလဲငိုလိုက်မိသည်။သူဒီကလေးအကြောင်းသိသည်ဲဒီကလေးကအရိပ်ကဲသိသည်။ရိုးသည်။ဒီကလေးကိုသူဘယ်ကိုပေးရပါ့မလဲ။ဒေါ်အေးလှအကြံရသွားသည်။
"သားအကျီတွေသွားထည့်"
"သားကဘယ်သွားရမှာလဲ"
"သားကျောင်းတက်လို့ရမယ့်အိမ်ကိုပေါ့ကွယ်"
မိုးသားလဲအကျီတွေသွားထည့်လိုက်သည်။ထို့နောက်အဝတ်အိတ်လေးဆွဲကာထွက်ခဲ့သည်။
"လာသား"
ဒေါ်အေးလှမိုးသားလက်ကိုဆွဲကာထွက်လာခဲ့သည်။သူထွက်လာခဲ့တဲ့အိမ်ကြီးကတော့.......
'ပိ တောက် ရိပ် မြုံ´
မျှော်.....
YOU ARE READING
သခင်လေးရဲ့စေလိုရာ
Actionကျွန်တော်သခင်လေးအတွက်အမြဲကျွန်တစ်ယောက်အဖြစ်ရှိနေပေးမယ် မိုးသားတိမ်စိုင်