6

1.7K 46 4
                                    


မိုးသားကိုကြီးပြောသမျှကြားတစ်ချက်မကြားတစ်ချက်နဲ့သာ။သတိကလဲရတစ်ချက်မရတစ်ချက်နှင့်။သူ့အရှေ့မှကားလေးဟာလဲမျက်ဝန်းထဲမှပျောက်ချင်းမလှပျောက်သွားသလိုသူ့၏မျက်လုံးများဟာလဲအမှောင်အတိပိတ်ကြသွားလေတော့သည်။

"ဟမ် ညီလေး မိုးသား"

"သားလေးမိုးသားလေး"

မိုးသားဒေါ်ကြီးတို့ခေါ်သံတွေလဲမကြားတော့ပေ။

///////////////

"ဒေါ်ကြီး မိုးသားလေးနိုးလာရင်ကျွန်တော့်ကိုလာပြောနော်"

"ဟုတ်အကိုလေး"

မြင့်မြတ်ဟိန်းလဲအခန်းထဲကထွက်သွားတော့သည်။ဒေါ်ကြီးကတော့မိုးသားသတိရအလာကိုစောင့်နေသည်။ခနအကြာတော့မိုးသားချွေးများစိုလာကာသတိရလာသည်။

"သားလေး သတိရလာပြီလား"

"ကြည့်ပါအုံး ချွေးတွေလဲစိုရွဲနေတာပဲ"

ဒေါ်ကြီးလဲမိုးသားကိုအကျီလည်းပေးလိုက်သည်။ပြီးနောက်.......

"သားခနနော်
ဒေါ်ကြီးအကိုလေးကိုသွားခေါ်ပေးမယ်"

"ဟုတ်ကဲ့ဒေါ်ကြီး"

မိုးသားမျက်လုံးများမှာခံစားချက်မဲ့စွာအေးစက်နေသည်။

သခင်လေးကဘာလို့ကတိမတည်တာလဲ။သူနိုးမှသွားမယ်ဆို၊အခုကျတော့သူ့ကိုထားခဲ့ရက်ပြီလား။

"ညီလေးမိုးသား"

ကိုကိုကြီးရောက်လာမှမိုးသားမျက်ရည်များသုတ်ကာလှည့်ကြည့်လိုက်သည်။

"သတိရလာပြီလား ဘယ်လိုနေသေးလဲ"

"သက်သာပါတယ်ဗျ"

"ဒေါ်ကြီးမိုးသားစားဖို့အတွက်ဆန်ပြုတ်လေးပြုတ်ပေးပါလား"

"အေးအေး ဒေါ်ကြီးသွားပြုတ်ပေးမယ်"

ဒေါ်ကြီးထွက်သွားတော့ကိုကြီးကစကားစဆိုသည်။

"မိုးသားလေးဘယ်လိုခံစားနေရမလဲကိုယ်သိပါတယ်"

"ကိုယ်အခုပြောတဲ့စကားကိုသေချာနားထောင်စေချင်တယ်"

မိုးသားလေးလေးနက်နက်နားထောင်လိုက်သည်။

"အခုကိုယ်ကဖေဖေရဲ့မြန်မာပြည်ကအလုပ်တွေကိုဦးစီးပြီးလုပ်ကိုင်ရတော့မယ်"

"ဖေဖေကလဲမိုးသားကိုကိုယ်နဲ့အလုပ်တူတူလုပ်စေချင်တယ်"

"အဲ့ဒါ......."

မိုးသားခနတွေးလိုက်သည်။အဲ့ဒါကိုတွေ့တော့ကိုကြီးက.....

"မိုးသားသဘောပါကိုယ်အတင်းကျပ်မလုပ်ခိုင်းဘူး"

"ကျွန်တော်လုပ်ပါ့မယ်"

ကိုကြီးပျော်သွားသည်။

"သားဆန်ပြုတ်ရပြီ"

"ဆန်ပြုတ်လေးသောက်ပြီးနားလိုက်တော့နော်"

ခနကြာတော့ကိုကြီးထွက်သွားပြီးမိုးသားမျက်ရည်များမိုးလိုပြိုကျလာတော့သည်။

ဒေါ်ကြီးလဲသူ့အားဖက်ကာအားပေးရင်းငိုနေသည်။

//////////////

လေးနှစ် ဒီလေးနှစ်ဆိုတဲ့ကာလကြားမှာဖြစ်ပျက်သွားသည်များကမြန်ဆန်လွန်းလှသည်။

မိုးသားလေးနှစ်ကာလအတွင်းသင်တန်းများစွာတက်ရသည်။ကွန်ပြူတာသင်တန်းများစွာလဲတက်ရသည်။အခုတော့သင်တန်းများတက်ပြီးပြီ။

သူအလုပ်ဝင်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီ။ဒီလေးနှစ်အတွင်းမှာလဲဧကရာဇ်ရဲ့အခန်းကိုနေ့စဥ်မှန်မှန်ရောက်ဖြစ်သည်။

သခင်လေးရဲ့အခန်းဟာလဲလူရှိစဥ်ကာလတုန်းကလိုပင်သန့်ရှင်းသပ်ရပ်နေသည်။

အခုလဲမိုးသားအခန်းထဲရောက်နေသည်။သူသခင်လေးကိုလွမ်းတိုင်းဒီအခန်းထဲကိုလာဖြစ်သည်။

"ညီလေးမိုးသား သွားကြမယ်လေ"

ကိုကြီးလာပြောမှမိုးသားသတိရမိသည်။ဒီနေ့ဟာသူ့ရဲ့ပထမဆုံးအလုပ်ဝင်သည့်နေ့ဖြစ်သည်။

"ဟုတ်ကိုကြီးသွားကြမယ်လေ"

သူတို့ကားလေးလဲခြံဝန်းထဲမှသည်ကုမဏီသို့.........

မျှော်........


တိုသွားမှန်းသိပါတယ်နော်

သခင်လေးရဲ့စေလိုရာWhere stories live. Discover now