13

1.4K 38 1
                                    

"အမလေးး"

'ဟင် သခင်လေးကကြည့်ကောင်းလိုက်တာ'

သူတွေးလိုက်မိသည်။တကယ်လဲကြည့်ကောင်းပေသည်။အသားရေဖွေးဖွေးပေါ်မှာတွဲခိုနေတဲ့ရေစက်တွေ။Gymဆော့ထားလို့တောင့်တင်းနေတဲ့ဗလတွေဟာဧကရာဇ်ရဲ့ယောက်ကျားပီသမှုနဲ့လိုက်ဖတ်လွန်းလှသည်။အမြဲတမ်းလိုလိုတွန့်ချိုးနေတတ်တဲ့မျက်ခွံတွေဟာအခုကျတော့ပြေချောနေသည်။

"အဲ့ဒါက ဘာကြောင်ကြည့်နေရတာလဲ"

သူအတွေးကမ္ဘာနယ်ထဲမှာမျောနေတာဘယ်လောက်ကြာသွားသည်မသိ။သခင်​လေးတောင်အကျီလဲပြီးနေပြီ။

"ဟုတ်ကဲ့ ဒီမှာနွားနို့"

"နေဦး"

သူပြန်ထွက်ခါနီးသူ့လက်ကိုဆွဲထားတာကြောင့်မိုးသားကြောင်ကြည့်နေမိသည်။

"လချုပ်စာရင်းတွေစစ်မလို့ မင်းရှိမှရမှာလေ"

"ဟုတ်"
.
.
.
.
.
.
သူတို့လဲတစ်လပြီးတစ်လတွေစစ်ပြီးတော့၁၁နာရီထိုးနေပြီ။

ဧကရာဇ်သူ့ဘက်ကအကောင်ပေါက်ကိုကြည့်လိုက်တော့အိပ်တောင်ပျော်နေပြီ။သူလဲမနိုးချင်တာနဲ့ပဲပွေ့ချီကာသူ့မွေ့ယာပေါ်သာတင်ထားလိုက်သည်။
ပြီးတော့သူလဲဘေးကနေကပ်အိပ်လိုက်တော့သည်။အိပ်ယာပေါ်မှာတော့အိမ်မက်တွေကိုမက်ရင်းပြုံးနေတဲ့ကောင်လေးနဲ့ အိပ်ချင်ယောင်ဆောင်နေတဲ့ကောင်လေးတစ်ယောက်လဲရှိနေတော့သည်။
.
.
.
.
.
.
.
.
.
.
မိုးသားဒီနေ့မနက်ခင်းဟာလှရက်လွန်းသည်။သူညကသခင်လေးကုတင်ပေါ်မှာအိပ်တာကိုတွေးမိတော့တဖန်ပြန်ပြုံးရပြန်သည်။

"အဲ့မှာထိုင်ကြည်နူးမနေနဲ့ ရုံးသွားရမယ် ဒီနေ့အရေးကြီးတဲ့အစည်းဝေးရှိတယ်"

"ဟုတ်"

မိုးသားလဲဘာမှပြန်မပြောတော့ပဲကိုယ့်အခန်းသာကိုယ်ပြန်လာလိုက်တော့သည်။
မိုးသားတို့လဲမနက်စာစားပြီးတော့ရုံးသို့ထွက်လာခဲ့ကြသည်။

ဒီနေ့အစည်းဝေးကတော့အကျင့်ပျက်နေတဲ့ဒါရိုက်တာတွေကိုအလုပ်ပြုတ်ဖြစ်မဲ့အရမ်းအရေးကြီးတဲ့အစည်းဝေးဖြစ်ပါတယ်။

"ဒီနေ့ဘုတ်အဖွဲ့ဝင်တွေရော ရှေ့နေတွေရော ဒါရိုက်တာတွေအကုန်လုံးကိုပါခေါ်ရတဲ့အကြောင်းရင်းကတော့ စာရင်းတွေအားလုံးဟာကွက်တွေရှိ​နေတာကြောင့်ပဲဖြစ်ပါတယ်"

ဧကရာဇ်ပြောလိုက်တော့အားလုံးမျက်နှာတွေပျက်ကုန်ကြသည်။ဧကရာဇ်ကတစ်ချက်ရယ်ကာ

"မိုးသား...."

မိုးသားကိုအချက်ပြလိုက်တော့ခေါင်းတစ်ချက်ငြိမ့်ကာစာရွက်စာတန်းအချို့ကိုထုတ်ကာ....

"ကျွန်တော်တို့ကုမဏ္ဏီနဲ့ Khကုမဏ္ဏီတို့ဆက်တူရှယ်ယာတွေမြုပ်နှံထားပြီးစီမံကိန်းစွဲထားတဲ့ ကိစ္စမှာရင်းနှီးမြုပ်နှံမှုငွေတွေဟာကွာဟမှုရှိတာကိုတွေ့ရှိရပါတယ်......"

မိုးသားလဲရှင်းစရာလင်းစရာတွေပြီးသွားတော့ဧကရာဇ်က.....

"ကဲအခုကျွန်တော်တို့ကသက်သေနဲ့တစ်ကွဖော်ပြထားပြီးပြီဆိုတော့ရှေ့နေကြီးတို့ကဆောင်ရွက်စရာရှိတာကိုဆောင်ရွက်လို့ရပါပြီ"

ခနနေတော့ရဲတွေရောက်လာကာသံသယရှိတဲ့လူတွေကိုခေါ်ဆောင်သွားကြသည်။

"မိုးသား"

"ဗျာ"

"တော်တယ်"

"ဟမ်"

မျှော်......

သခင်လေးရဲ့စေလိုရာWhere stories live. Discover now