14

1.3K 38 8
                                    

"မိုးသား"

"ဗျာ"

"တော်တယ်"

"ဟမ်"

"သွားကြမယ်"

"ဟုတ်ကဲ့ ceo"

'Ceoတဲ့လားကိုကို့ကိုဘယ်လိုခေါ်လို့လဲသူက'

ဧကရာဇ်မကျေနပ်တော့ပေ။မေးခွန်းများစွာလဲစဥ်းစားနေမိသည်။

'ဟူးး'

ရုံးခန်းထဲပြန်ရောက်တော့စိတ်ကျဥ်းကျပ်နေတာနဲ့ပဲအပေါ်ကုတ်အားချွတ်ကာစားပွဲပေါ်ခြေထောက်တင်လျက်ဧကရာဇ်မျက်လုံးများအားမှတ်ထားလိုက်သည်။

'ဒေါက်ဒေါက်'

"Ceoကျွန်တော်ဝင်ခဲ့မယ်နော်"

မိုးသားလဲတံခါးခေါက်ပြီးဝင်သွားလိုက်တော့သည်။

"Ceo နေမကောင်းဘူးလား သံပုရာရည်ဖျော်ပေးမယ်လေ"

"အမေ့!!!!"

မိုးသားလှည့်ထွက်ခါနီးခါးမှဆွဲလှည့်လိုက်သောကြောင့်မိုးသားအရှိန်မထည်းနိုင်ပဲဧကရာဇ်ပေါင်ပေါ်သို့ကျသွားတော့သည်။သတိရလာမှလက်ကိုလွှတ်ရန်တောင်းဆိုမိတော့သည်။

"Ceo လွှတ်ပါ တစ်ယောက်ယောက်ဝင်လာရင်မကောင်းဘူး"

"ငြိမ်ငြိမ်နေ မေးစရာရှိတယ်"

အဲ့လိုပြောမှငြိမ်ကျသွားပါသောကောင်ငယ်လေး......

"မင်းနဲ့ကိုကိုနဲ့ကဘာတွေလဲ"

"ဘာမှမဟုတ်ဘူး"

"အာ့ဆိုသတင်းတွေကရော"

"ကောလဟာလတွေ"

"ပုံကရော"

"ဘယ်ပုံလဲ"

"တကယ်မသိတာလား"

"အင်း"

"တကယ်ဘာမှမဟုတ်တာနော်"

"ဟုတ်ပါတယ်ဆိုနေဗျာ"

"အင်း ကိုယ်မင်းကိုယုံပါတယ်"

"ကိုယ်မင်းကိုလေးလေးနက်နက်ပြောစရာရှိတယ်"

"ဟုတ်"

"ကိုယ်မင်းကို......ချစ်တယ်"

"ဗျာ...."

"အင်း ဟုတ်တယ် ကိုယ်မင်းကိုချစ်တယ် အရမ်းချစ်တယ်"

"တကယ်.....တကယ်ပြောနေတာလား"

သူ့ကိုအံ့သြစွာကြည့်လာသောကောင်ငယ်လေးအားဧကရာဇ်ခေါင်းငြိမ့်ပြလိုက်သည်။

"အင်း ကျွန်တော်လဲသခင်လေးကိုချစ်တယ်"

ဧကရာဇ်ကောင်ငယ်လေးအားဆွက်ဖက်လိုက်ကာ....

"ကိုယ်သိတယ် မင်းဘက်ကငြင်းရင်လဲကိုယ့်ဘက်ကမင်းကိုချစ်နေမှာပဲ"

"ဘာလို့လဲဆိုတော့ကိုယ့်ဘဝကမင်းမလို့ပဲ"

'ဟီးးးး အီးးးး ဟင်းးး'

ပြောရင်းငိုချလာသောကောင်လေးအားဧကရာဇ်ဘယ်လိုချော့ရမလဲမသိတော့ပေ။

"ဟေ့ ဘာလို့ငိုရတာလဲ"

"ပျော်လို့ သခင်လေးကကျွန်တော့်လိုဘာမဟုတ်တဲ့ကောင်တစ်ယောက်ကိုအခုလိုမျိုးပြောလို့"

"အချစ်မှာမျက်စိမရှိဘူးမိုးသား"

'ရွှတ်'

သခင်လေးကပြောပြီးသူ့ပါးပြင်လေးတစ်ဖက်အားအသာနမ်းလိုက်သည်။ရပြီ...သူသေဆိုရင်သေလို့ရပြီ။သူ့ဘဝရဲ့ပထမဆုံးနဲ့နောက်ဆုံးချစ်မဲ့လူကသူ့ကိုဒီနေ့ဖွင့်ပြောလိုက်တယ်တဲ့။သူသေပျော်ပါပြီ။

ဒီနေ့ညနေရဲ့အိမ်ပြန်လမ်းလေးဟာအရင်နေ့တွေနဲ့မတူရယ်မောသံလေးတွေရွှင်ပျော်နေခဲ့ပါတော့သည်။

မျှော်.........

ဟဲဟဲညားပေးလိုက်ပြီနော်




သခင်လေးရဲ့စေလိုရာWhere stories live. Discover now