9

1.4K 43 4
                                    

သူလဲပြောပြီးအပြင်သာထွက်လာခဲ့တော့သည်။purple love ဆိုင်းဘုတ်သေးသေးလေးပေါ်တွင်ထိုးထားသောစာကြောင်းလေး။

”Hay Richard”

နောက်ကညူတူတူနဲ့ခေါ်သံကြောင့်လှည့်ကြည့်လိုက်သည်။

"Aww John "

Johnဆိုသည်မှာဧကရာဇ်တွဲခဲ့ဖူးတဲ့ရည်းစားတွေထဲကသက်တမ်းအရှည်ဆုံးတစ်ယောက်ဖြစ်သည်။ကောင်လေး......ကောင်လေးလို့သာပြောရတာကောင်မလေးတွေထက်တော့လှသည်။ဒါကသူများအမြင်မှာသာ။သူ့အမြင်မှာကတော့အနည်းငယ်ပိုနေသည်ဟုထင်ရသည်။နာမည်အပြည့်စုံကတော့John Alexander မျိုးရိုးကြီးထဲကတစ်ယောက်ဖြစ်ပြီးတစ်ဦးတည်းသောသားဆိုပြီးမိဘတွေကအလိုလိုက်ထားလို့ဆိုးနေခြင်း။

"You ဒို့ကိုဘာလို့မေ့နေတာလဲ"

"စိတ်ညစ်စရာလေးတွေရှိလို့ပါ"

"စိတ်ညစ်နေရင်ပျော်စရာတွေမဖန်းတီးချင်ဘူးလား"

လည်ပင်းကိုဖတ်ကာချွဲချွဲနွဲ့နွဲ့ပြောနေသောကြောင့်Richardမနေနိုင်တော့။

"Okလေ သွားကြတာပေါ့"

ထို့နေ့ညကလည်းRichardတစ်ယောက်အိမ်မပြန်လာပေ။သူJohnအပါဝင်ကျန်တဲ့ဘယ်သူနဲ့အိပ်အိပ်အကာကွယ်သုံးတတ်သည်။အသန့်ကြိုက်သူဖြစ်တတ်တွက်ကြောင့်လဲပါသည်။

ဒေါ်ထိပ်တင်ထားသူများသားသမီးကိုသာအခြောက်အခြောက်နှင့်ပြောနေတာသူ့သားကိုကျမနိုင်ပေ။ယောက်ကျားလေးနဲ့ရောမိန်းကလေးနဲ့ပါစုံနေအောင်တွဲသည့်အတွက်သူလဲလက်မြောက်အရှုံးပေးထားခြင်း။ဒါကလဲအမေရိကားမှမို့သာ။မြန်မာမှာဆိုရင်သူတားပြီးတာကြာလှပါပြီ။

"သားခနလာအုံး"

သူအိမ်ထဲပြန်ရောက်ချင်းဧည့်ခန်းထဲမှဖေဖေ့ခေါ်သံ​ကြောင့်သူဝင်သွားလိုက်သည်။

"မင်းမနက်ဖြန်မြန်မာပြည်ပြန်ရမယ်"

"ဗျာ!!!!!!!!!!"

"ဘယ်လို ရှင်ဘာပြောလိုက်တယ်"

"မင်းအသာနေစမ်း"

"ဖေဖေဘယ်လိုဖြစ်ပြီး......"

"ငါလေယာဥ်လတ်မှတ်စီစဥ်ပြီးပြီမနက်ဖြန်မနက်လေယာဥ်နဲ့သွားရမယ်"

"ဒါ ငါ့အမိန့်ပဲဘယ်သူမှမလွန်ဆန်ရဘူး"

ဖေဖေကသူပြောချင်ရာပြောပြီးထွက်သွားပြီ။သူနဲ့မေမေကတော့တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ကာဝမ်းနည်းနေကြသည်။

/////////////////

'ဒေါက် ဒေါက် ဒေါက်'

"မိုးသားရေကိုကြီးဝင်ခဲ့မယ်နော်"

"ဟုတ်ကဲ့"

မိုးသားခွင့်ပြုချက်ရတာနဲ့သူလဲအခန်းထဲကိုဝင်သွားလိုက်သည်။

"မိုးသားသက်သာသွားပြီလား"

"ဟုတ်ကဲ့"

ကုတင်ပေါ်တွင်တင်ထားသောဝတ်စုံကြောင့်မျက်ခုံးများကျုံ့မိသည်။

"ရုံးသွားမလို့လားမိုးသားက"

"ဟုတ်တယ်လေ"

"မိုးသားကသက်သာလို့လား"

"သက်သာနေပါပြီ"

"ဒါဆိုလဲမိုးသားသဘော"

"အော်ဒါနဲ့ မနက်ဖြန်ကျရင်ဧကရာဇ်ပြန်လာတော့မယ်တဲ့"

"ဗျာ!!!"

သူတိတ်တဆိတ်အံ့သြဝမ်းသာဖြစ်မိသည်။တဆက်တည်းမှာရှက်ကြောက်စိတ်ကတိုးဝင်လာခဲ့သည်။

"ကိုကြီးကလဲနယ်ကိုတာဝန်နဲ့သွားရတော့မှာဆိုတော့မိုးသားကသူ့လက်ထောက်ဖြစ်သွားပြီလေ"

"ဟမ် တကယ်လား"

"အင်း မနက်ဖြန်ကြရင်ကိုယ်သွားတော့မှာ"

"အော်"

မိုးသားအရမ်းပျော်သလိုအရမ်းလဲဝမ်းနည်းမိတယ်သူက........သူက...ဧကရာဇ်ကို............

မျှော်.......

အစစ်မပါရတော့မလား

သခင်လေးရဲ့စေလိုရာWhere stories live. Discover now