ကုမဏ္ဏီထဲကိုစမတ်ကျကျဝင်လာတဲ့အမျိုးသားသုံးဦး။အရှေ့ဆုံးကနေတည်ကြည်ခန့်ငြားစွာနဲ့လျှောက်လှမ်းလာသူကိုတစ်ရုံးလုံးကလည်ပြန်ငေးနေမိကြသည်။တစ်ခါမှမမြင်ဘူးကြလို့လဲပါမည်။နောက်ကနှစ်ယောက်ကတော့မြင့်မြတ်ဟိန်းနဲ့မိုးသားဖြစ်တာကြောင့်တစ်ရုံးလုံးတစ်ချက်သာကြည့်မိကြသည်။
"အားလုံးကိုမိတ်ဆက်ပေးစရာလူရှိပါတယ်"
"သူကတော့အမေရိကားကနေမနေ့ကမှပြန်ရောက်လာတဲ့ကျွန်တော့်ရဲညီသတိုးဧကရာဇ်ပဲဖြစ်ပါတယ်"
ဧကရာဇ်ကsuitကိုဟန်ပါပါကိုင်လိုက်ပြီး...
"ဟုတ်ကဲ့မဂ်လာပါ သတိုးဧကရာဇ်ဖြစ်ပါတယ် ကူညီပေးကြပါအုံး"
"ညီညီကိုယ်သွားပြီနော်"
"အင်း"
ဧကရာဇ်နဲ့မိုးသားဘာစကားမှမပြောပဲစာရင်းစစ်ဥာနကိုသာဖြတ်ကာရုံးခန်းသို့တက်လာခဲ့ကြသည်။မသွားခင်ကြားဖြစ်အောင်ကြားလိုက်ရသောစကားကြောင့်.....
"ဟဲ့ရေ အခုCeoကမာနတစ်ခွဲသားနဲ့နော်"
"ဟုပ့အေ အရင်ceoနဲ့ကိုမိုးသားနဲ့ဆိုနေနဲ့လ ရွှေနဲ့မြပဲ"
"ဟုတ်တယ် ဟုတ်တယ်"
"သူနဲ့မိုးသားနဲ့ကမတန်ပါဘူး"
"ဟက် မတန်ဘူးတဲ့လား"
"ဟင် c....ceo"
သူတို့စကားတွေကိုအစဆုံးနားထောင်နေတဲ့ceoကိုတောင် သတိမထားမိတဲ့ဝန်ထမ်းတွေကိုသူဘယ်လ်ိုအလုပ်ဆက်ခန့်ရမှာလဲ။ကိုကိုကဘာလို့ဒီလိုလူတွေကိုအလုပ်မထုပ်ရတာလဲမသိဘူး။
"ဥာနမှုး ရုံးခန်းခနလာခဲ့ပါ"
"ဟုတ်ကဲ့ceo"
Ceoထွက်သွားတော့ဥာနမှုးကိုခန့်အောင်က.....
"နင်တို့တွေကိုငါမပြောဘူးလားစောက်တင်းတုပ်ချင်တဲ့ဟာမတွေ ရုံးခန်းထဲရောက်ရင်ဘာတွေဖြစ်အုံးမလဲမသိဘူး"
သူပြောသမျှဘာမှပြန်မပြောပဲခေါင်းငုံ့နေတဲ့ဟာတွေကြောင့်ခန့်အောင်ခေါင်းသာခါနေနိုင့တော့သည်။
////////
ရုံးခန်းရှေ့ရောက်တော့ကိုယ်ကအထဲဝင်နေပြီးသူကအခုထိအခန်းပြင်မှာသာရှိနေသေးတဲ့သူကြောင့်ဧကရာဇ်မပြောချင်သော်လည်းပြောလိုက်ရသည်။
"မင်းကမဝင်ဘူးလား"
"ကျွန်တော့်အလုပ်ခုံကအပြင်မှာပါceo"
ဟက်ဒီကောင်လေးအခေါ်ဝေါ်ကစပြောင်းလဲသွားတာပဲ။ကိုကိုကဘယ်လိုတွေဖမ်းစားထားတာပါလိမ့်။
"မသိပါဘူး ငါကကိုကိုနဲ့တစ်ခန်းထဲတူတူနေတယ်မှတ်လို့"
"ခင်ဗျား......"
မိုးသားစိတ်ထောင်းကနဲဖြစ်သွားပေမဲ့ceoဖြစ်နေတာကြောင့်ဘာမှပြန်မပြောတော့ပဲငြိမ်နေလိုက်ရသည်။
"မင်းခုံအခန်းထဲရွေ့လိုက်"
"ဘယ်လို"
"ဟုတ်တယ်လေ မင်းကငါ့ရဲ့
Assistantလေ အဲ့တော့စာရင်းတွေဘာတွေစစ်ရင်အနားရှိနေအောင်လို့""ခေါ်ထားချင်းလွန်းလို့တော့မဟုတ်ဘူး"
ဒီကလဲ နေချင်လွန်းလို့။စိတ်ထဲကသာပြောလိုက်မိသည်အပြင်မှာတော့ဟုတ်ကဲ့တစ်လုံးတည်းသားပြန်ပြောလိုက်မိသည်။
ဟူး သခင်လေးရဲ့အမိန့်ကိုသူဘယ်လိုလွန်ဆန်နိုင်မှာလဲ။
မျှော်.....
အရေးသားတွေစုတ်ပျက်နေရင်တောင်းပန်ပါတယ်နော်🙏🙏
YOU ARE READING
သခင်လေးရဲ့စေလိုရာ
Actionကျွန်တော်သခင်လေးအတွက်အမြဲကျွန်တစ်ယောက်အဖြစ်ရှိနေပေးမယ် မိုးသားတိမ်စိုင်