11

1.3K 41 1
                                    

'ဒေါက် ဒေါက်'

"ဝင်ခဲ့ပါ"

Ceoရဲ့အမိန့်ရသည်နှင့်ခန့်အောင်ဝင်ခဲ့လိုက်သည်။

"Ceoကျွန်တော်ရောက်ပါပြီ"

"ထိုင်ပါအုန်း"

ထိုင်ခုံတစ်ခုံယူကာခန့်အောင်ထိုင်လိုက်သည်။

"ခင်ဗျားအလုပ်ကိုဘယ်လိုလုပ်နေတာလဲ "

"အလုပ်ချိန်မှာတောင် စကားပြောနေတဲ့ဝန်ထမ်းတွေကိုကျုပ်ဘယ်လိုအလုပ်ဆက်ခန့်ထားရမှာလဲ"

"အဲ့စာရင်းစစ်ဥာနတစ်ခြမ်းလုံးကိုငါးလစာပေးပြီးအလုပ်ထုပ်လိုက်တော့"

"ဗျာ!!!!!"

"ပြီးရင်သူတို့နေရာမှာအခုအလုပ်လျောက်ထားတဲ့လူတွေကိုအစားထိုးလိုက်"

ဧကရာဇ်စကားတွေကြောင့်ခန့်အောင်မှာသူ့အမှားနဲ့သူခေါင်းငုံနေခဲ့ပြီးအခုစကားကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"ပြောစရာမရှိရင်ပြန်လို့ရပါပြီ"

"ဟုတ်......... ဟုတ်ကဲ့"

ခန့်အောင်လဲceoအခန်းထဲကလေးလံစွာပြန်ထွက်လာခဲ့သည်။

သူ့ဥာနလဲပြန်ရောက်ရောဝန်ထမ်းမလေးတွေအမေးကြောင့်သူသနားသလိုလဲဖြစ်မိသည်။

သို့သော်ceoအမိန့်ကိုမနာခံလို့မှမရပဲ......။

"ဥာနမှုးceoကဘာပြောလဲဟင်"

"အလုပ်မထုတ်ဘူးတဲ့မလား"

"သတိပဲပေးတာမလား"

"ဟင်းးးး"

ခန့်အောင်သက်ပြင်းတစ်ချက်ကိုလေးလှန်စွာချပြီး.....။

"နင်တို့အကုန်လုံးကိုအလုပ်ထုပ်လိုက်ပြီ"

"ရှင်!!!!!!"

"ဘယ်လို!!!!!!"

"ဟောတော်"

"ဘုရားရေ!!!"

"အမေကယ်ပါ"

ကောင်မလေးငါးယောက်လုံးထံမှအာမေဋိတ်အသံတွေပြိုင်တူထွက်လာခဲ့သည်။

"ငါလဲစိတ်မကောင်းပါဘူးဟာ
ညနေကျရင်ငါးလစာထုတ်ပေးလိုက်မယ်မနက်ဖြန်လာစရာမလိုတော့ဘူး"

"ဟင် ငါးလစာ"

"အရင်ကဆိုသုံးလစာတည်းပေးတာပါ"

"နင်တို့ကိုငါးလစာထုတ်ပေးတာနောက်ဒီကိုပြန်လာမလုပ်အောင်လို့တဲ့"

"အော်"

သူတို့လဲသူတို့အပြစ်နဲ့သူတို့ဆိုတော့ခေါင်းငုံကာပဲနေခဲ့ကြရသည်။

ညနေခင်းတစ်ခုမှာတော့သတိုး
ကုမဏ္ဏီကနေကောင်မလေးငါးယောက်ဟာစကားလေးတစ်ခွန်းတွက်ကြောင့်ပိုက်ဆံအုပ်လေးတွေကိုယ်စီကိုင်ကာထွက်ခဲ့ကြရတော့သည်။

ညနေရုံးဆင်းချိန်ရောက်ပြီဖြစ်တဲ့တွက်မိုးသားတို့လဲပြန်လာခဲ့ကြသည်။ဓာတ်လှေကားစီးနေချိန်အတွင်းနှစ်ဦးလုံးဘာစကားမှမပြောကာပဲဆင်းလာခဲ့ကြသည်။

ရုံးရှေ့ရောက်ထိတိုင်အောင်မည့်သည့်စကားမှမပြောဖြစ်ခဲ့ကြ။

ကားတံခါးအားဖွင့်ကာတက်သွားသောသူကြောင့်မိုးသားအပြင်မှာကြောင်အစွာရပ်ကျန်နေခဲ့သည်။

"မင်းကမတက်ဘူးလား"

မျက်ခုံးများကိုတွန့်ချိုးစွာပြောလာခဲ့သောလူကြောင့်မိုးသားလဲကားပေါ်သို့မြန်မြန်တက်လာခဲ့ရတော့သည်။

သူကတော့ကားစီးနေစဥ်တစ်လျောက်လုံးမျက်လုံးမှိတ်ပြီးသာလိုက်လာခဲ့သည်။မိုးသားမျက်လုံးမှိန်ထားတဲ့သူအားအချိန်ဘယ်လောက်ကြာသည်အထိကြည့်မိနေသည်မသိမိုးသားတို့ကားလေးဟာခြံဝန်းထဲတောင်ရောက်ရှိနေပြီ။

"ဆင်းလေ ဘာကြောင်ကြည့်နေတာလဲ"

"ဗျာ..... အမ်..... အင်းအင်း"

သူသတိပေးလာမှသာမိုးသားကားပေါ်ကဆင်းမိတော့သည်။
သူခိုးလူမိသလိုများဖြစ်သွားသလားမသိ။

မျှော်............

ဟီး data တွေစျေးတက်နေလို့upပိစိလေးနောက်ကျသွားရတာပါလို့ ဟီးဟီး



သခင်လေးရဲ့စေလိုရာWhere stories live. Discover now