"မိုးသား"
"သွား လာမထိနဲ့"
"ရွံတယ် ခင်ဗျားကို"
"ကျုပ်အသားကိုလာမထိနဲ့"
"မိုးသား မိုးသား မြိုင်ရှင်းပြမယ်ခနလေး ခနလေးပဲနားထောင်ပေးပါ"
မြိုင်ထိုသို့ပြောလိုက်မှမိုးသားငြိမ်သွားတော့သည်။
"လာပါအထဲကိုဝင်ကြရအောင်"
အထဲရောက်တော့မြိုင်က....
"မြိုင်ပြောတာကိုအရင်နားထောင်ပေးပါ"
"မြိုင်ကDr.နွယ်သွေးမြိုင်ဆိုတဲ့သာမာန်ရိုးရိုးဆရာဝန်လေးတစ်ယောက်ပါ"
"တစ်နေ့ကိုကရာဇ်ရဲ့အမေကမြိုင့်ဆေးခန်းကိုရောက်လာတယ်လေ"
"မြိုင့်ကြီးကြီးနဲ့အန်တီနဲ့ကငယ်သူငယ်ချင်းတွေဆိုတော့မြိုင်ကအန်တီ့ကိုတွေ့တွေ့ချင်းမှတ်မိသွားတယ်"
'လွန်ခဲ့သောလေးနှစ်ခန့်က'
"အန်တီကျွန်မပြောတာကိုသေချာနားထောင်ပေးပါ"
"အန်တီရောဂါဟာကုလို့မရတော့ဘူးရှင့်"
"အင်း အန်တီသိပါတယ်မြိုင် မြိုင်အန်တီစိတ်ချမ်းသာအောင်တစ်ခုကူညီပေးပါလား"
"ဟုတ် မြိုင်ကူညီလို့ရရင်ကူညီပေးမယ်လေ"
"သမီးအန်တီသားနဲ့ဟန်တောင်စေ့စပ်ပေးပါလား"
"ရှင်!!!!!!"
"လုပ်ပါကွယ် အန်တီ့ကိုကူညီပါ"
မြိုင်တစ်ချက်စဥ်းစားလိုက်ကာ......
"ဟုတ်ကဲ့ပါအန်တီ အန်တီစိတ်ချမ်းသာရင်ကူညီပေးပါမယ်"
"အန်တီ့ရောဂါဟာဆေးနဲ့ဆက်ဆွဲထားရင်အရှင်းပျောက်မသွားပေမဲ့သက်သာသွားမှာပါ"
အန်တီကတစ်ချက်ပဲပြုံးကာပြန်သွားသည်။ကျန်ခဲ့တဲ့မြိုင့်မှာတော့မေးခွန်းများနဲ့သာတွေဝေခဲ့ရသည်။
'Flashback end'
"အစကတော့ကိုကရာဇ်ကငြင်းပါသေးတယ်"
YOU ARE READING
သခင်လေးရဲ့စေလိုရာ
Actionကျွန်တော်သခင်လေးအတွက်အမြဲကျွန်တစ်ယောက်အဖြစ်ရှိနေပေးမယ် မိုးသားတိမ်စိုင်