မောင်ကအထက်စီးဆန်လိုက်တာ

8.4K 317 8
                                    

တရုတ်နိုင်ငံရဲ့ထိပ်တန်းအထက်တန်းကျောင်းတစ်ကျောင်း
တော်ရုံလူမတက်နိုင်လောက်ဘဲချမ်းသာတဲ့သူမျိုးမှသာတက်ရောက်နိုင်တဲ့ကျောင်းမျိုး
ဒါမဲ့အဲ့ကျောင်းမှာရှိတဲ့ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးကတော့
သူ့အရည်အချင်းကိုအများကအသိအမှတ်ပြုရလောက်အောင်ထူးချွန်သူတစ်ယောက်ဖြစ်တာမို့
အဲ့ကျောင်းမှာတက်ရောက်ခွင့်ရခဲ့တယ်
တစ်ကျောင်းလုံးကမိန်းကလေးတွေသာမကယောက်ျားလေးတွေပါသူ့ကိုအပေါင်းအသင်းမလုပ်ချင်ကြ
ဆင်းရဲပြီးမိဘမဲ့တစ်ယောက်ဖြစ်တာမို့...ညစ်နွမ်းတဲ့အငွေ့အသက်များရတယ်ဟုဆိုပြီးနှာခေါင်းရှုံ့ကာရှောင်ဖယ်သွားတတ်ကြသည်...တစ်ချို့ကျပြန်တော့လည်းအနိုင်ကျင့်တတ်ကြသေးသည်
-------
စာသင်ခန်းထဲ၌,

"ဒီနေ့ဆရာကမင်းတို့ကိုပြောစရာနည်းနည်းရှိတယ်
ဝမ်းသာစရာသတင်းပေါ့...ဒီမြို့ရဲ့အကြီးဆုံးနဲ့အောင်မြင်မှုအရဆုံးMXကုမ္မဏီရဲ့တစ်ဦးတည်းသောသားကဒီကျောင်းကိုလာတတ်လိမ့်မယ်
သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံကြနော်
ကိုယ့်ကြောင့်ကိုယ့်ကျောင်းရဲ့ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့အဖြစ်မျိုးမဖြစ်စေချင်ဘူး"

"ဟုတ်ကဲ့ပါ"

"ဒါဆိုစာသင်စရာရှိတာဆက်သင်ကြတာပေါ့"
ဆရာစာသင်ပြီးအတန်းဆင်းချိန်ရောက်တော့ရိပေါ်ထိုင်တဲ့ခုံဘေးနားမလှမ်းမကန်းကကောင်မလေးများရဲ့စကားသံကိုသူကြားနေရတယ်

"ဟဲ့...MX groupရဲ့သားကအရမ်းချောတာဟ
အရမ်းလည်းမာနကြီးတယ်...ငါတော့သူ့ရဲ့ကောင်မလေးသာဖြစ်လိုက်ချင်တယ်...ဘယ်လောက်ကံကောင်းလိုက်မလဲ"

"စိတ်ကူးယဉ်မနေနဲ့...ဟိုကတလောကလုံးမှာဘယ်သူ့ကိုမှလူထင်တာမဟုတ်ဘူး...နင်နှုတ်ဆက်လို့နင့်ကိုပြန်ပြီးအကြည့်လေးတစ်ချက်လောက်စွန့်ကျဲရင်ကံကောင်း"

"ကြိုးစားကြည့်ရင်တော့မမှားလောက်ပါဘူး"

*ဒါတွေကငါနဲ့မဆိုင်တာကိုငါကဘာလို့တွေးနေရမှာလဲ*

ရိပေါ်ကျောင်းဆင်းတာနဲ့အဝတ်ပိုလေးတစ်စုံကိုလဲပြီးချက်ချင်းရရာအချိန်ပိုင်းအလုပ်ကိုလုပ်ရတယ်
သေချာတာပေါ့ကျောင်းလခအတွက်...သူကချမ်းသာမနေခဲ့ဘူးလေ...ကျောင်းမှာနေ့လည်စာကျွေးရင်လည်းအများကျောင်းသားတွေနဲ့အတူထိုင်မစားနိုင်ဘူး
ပါလာတဲ့ထမင်းဘူးလေးကိုဘဲစားရတယ်...သူအားမငယ်ပါဘူး

𝐈𝐍𝐓𝐄𝐍𝐒𝐄Where stories live. Discover now