"ငါ့ကိုကောင်လေးတစ်ယောက်အကြောင်းစုံစမ်းပေး"
"ဘယ်သူပါလဲသခင်လေး"
"ဝမ်ရိပေါ်"
"သူကသခင်လေးကိုဘာများလုပ်လို့လဲ...ကျွန်တော်တို့ရှင်းပေးရမလား"
"ရတယ်...သူ့အကြောင်းတွေအကုန်နက်ဖြန်သိချင်တယ်"
"ဟုတ်ကဲ့ပါ...ရှာထားလိုက်ပါ့မယ်"
------------;;
"ဟူး...ငါဒီနေ့အလုပ်လုပ်ရဦးမယ်..ကြိုစားထား
စာအုပ်လည်းအသစ်ဝယ်ရဦးမယ်...အဲ့တော့ဒီနေ့တော့အလုပ်တစ်ခုပိုလုပ်ရမယ်ထင်တယ်"အချိန်ပိုင်းအလုပ်လုပ်ရန်အဝတ်ပိုလေးလဲကာတရွေ့ရွေ့နဲ့လမ်းလျှောက်လာတဲ့ကောင်လေး
"ဗိုက်ဆာလိုက်တာ...ငါဘာမှမစားရသေးဘူး
ဒီနေ့ရတဲ့လုပ်အားခထဲကဝယ်စားမယ်ဆိုနောက်နေ့ကျငါကျောင်းကိုbusကားနဲ့မဟုတ်ဘဲလမ်းလျှောက်သွားရမှာဘဲ
မဖြစ်ဘူးအဲ့တာဆိုအခန်းထဲရောက်ရင်ချွေးတွေထွက်ကုန်မှာပေါ့""ရတယ်...ညစာမှပေါင်းစားမယ်ကွ"
ထုံးစံအတိုင်းညနေပိုင်းအလုပ်လုပ်ပြီးအိမ်ပြန်လာတော့ခြေပစ်လက်ပစ်နားပလိုက်တယ်
ပြီးတော့မှရေချိုးရန်ပြင်ဆင်ရမည်လေ"ချမ်းသာတဲ့သူတွေများကျောင်းလေးလာတက်တာတောင်သတင်းစာထဲပါတယ်သတင်းထောက်တွေနဲ့
တကယ့်အသိုင်းအဝိုင်းကြီးပီသပါတယ်
ငါဆိုရင်တော့အကောင်လိုက်ပေါ်လာတာတောင်မမြင်ချင်ယောင်ဆောင်သွားကြတယ်...ကိစ္စမရှိဘူးကျောင်းကဘွဲ့ရတာနဲ့ငါလည်းသူဌေးကြီးဖြစ်အောင်ကြိုးစားရမယ်"ကိုယ့်ကိုကိုယ်ပြန်အားပေးကာရေမိုးချိုးပြီးညစာစားလိုက်သည်
ညစာစားပြီးတော့စာထိုင်လုပ်နေလိုက်သည်"အ့...ဒါကဘယ်လိုဖြစ်လာတာလဲ...ရောဂါပျောက်နေတာကြာပြီဘဲကိုး"
အံဆွဲသေးသေးလေးထဲမှာထည့်ထားတဲ့အစာအိမ်ဆေးကိုရေနဲ့မျောချပြီးမြန်မြန်သောက်လိုက်သည်
အရင်နေ့တွေထက်ဒီနေ့ကအလုပ်ပိုလုပ်ထားသည်မို့လူကပင်ပန်းပြီးနုံးချိနေသည်
အိမ်စာလုပ်ပြီးအစောကြီးအိပ်လိုက်တယ်ညလယ်ခေါင်ရောက်တော့သေချာတာတစ်ခုကဒီကောင်လေးဖျားပြီလေ
VOCÊ ESTÁ LENDO
𝐈𝐍𝐓𝐄𝐍𝐒𝐄
Fanficဘယ်တော့မှနိုးမလာတဲ့အိပ်စက်ခြင်းကမင်းနဲ့မတန်တာမို့စောစောစီးစီးမအိပ်လိုက်ပါနဲ့ဦး ပေါင်းစည်းခြင်းတံတားပေါ်မှာမောင်မရှိသေးဘူးလေ မောင်နဲ့အတူသွားဖို့နိုးလာမှပေါ့ " Zawgyi~~~ ဘယ်တော့မှနိုးမလာတဲ့အိပ်စက်ခြင်းကမင်းနဲ့မတန်တာမို့စောစောစီးစီးမအိပ်လိုက်ပါနဲ့ဦး ေ...