ကျုပ်အချစ်က...ရယူခြင်းနဲ့ပေးဆပ်ခြင်း

1.9K 113 8
                                    

"အခုရက်ပိုင်းသူအရင်နဲ့မတူဘူး....ခဏခဏမေ့လဲတယ်
အစားအသောက်တွေလည်းပျက်လာတယ်....တစ်ခါတစ်လေသတိတွေပါမေ့ပြီးသူဘာလုပ်ခဲ့မှန်းသူ့ကိုယ်သူမသိလောက်တဲ့အထိဖြစ်ခဲ့ဖူးတာ
အာရုံခံစားမှုတွေကမှအစသိပ်အခြေအနေမဟန်ဘူး
သူတစ်ခုခုဖြစ်မှာကိုတော့ကျုပ်မလိုလားဘူး
ဒါ့ကြောင့်နောက်ဆုံးစိတ်ဒုန်းဒုန်းချပြီးခင်ဗျားနဲ့တိုင်ပင်တာ"

"ဒီလက္ခဏာတွေကဦးခေါင်းပိုင်းနဲ့ပတ်သက်ပြီးအများဆုံးဖြစ်နိုင်တယ်
သူ့ဦးနှောက်ကတစ်ခုခုရဲ့ဖိအားပေးတာကိုခံရပါများတော့နောက်ပိုင်းရုန်းမထွက်နိုင်တာ
အရမ်းအားနည်းပြီးအလုပ်မလုပ်တော့တာမျိုး..."

"ကျုပ်ဆေးရုံသွားပြီးစစ်ဆေးမှုတွေလုပ်သင့်လား"

"အဲ့တာအကောင်းဆုံးပေါ့....မင်းကအမှောင်ဘက်အခြမ်းမှာရှိနေခဲ့မယ်ဆိုမင်းအရမ်းချစ်ရတဲ့လူတစ်ယောက်ကိုမင်းရှိတဲ့အမှောင်ထဲဆွဲခေါ်မလား
ဒါမှမဟုတ်သူကြိုက်တဲ့နေရာလေးမှာဘဲလွတ်လပ်စွာနေခွင့်ပြုမလား"

"ကျုပ်နေတဲ့အမှောင်ထဲကိုဘဲဆွဲခေါ်လိုက်မယ်
ကျုပ်အချစ်ကစွန့်လွှတ်ခြင်းမဟုတ်ဘူး....ပေးဆပ်ခြင်းနဲ့ရယူခြင်းကိုကိုယ်စားပြုနေလို့"

"......"

"ဒါဆိုပြန်လို့ရပါပြီ....ကျုပ်ခေါ်ပြီးတိုင်ပင်တာ
အစစအရာရာကူညီပေးခဲ့လို့လည်းကျေးဇူးတင်ပါတယ်
ကျုပ်လိုက်မပို့တော့ဘူး"

ဧည့်ခန်းမှာစကားထိုင်ပြောနေရင်းdoctorပြန်သွားတော့မှသူလည်းအပေါ်ထပ်ကိုတက်လာလိုက်သည်

"သဲငယ်......"

"မောင်ကလည်းကြာလိုက်တာခုနကထွက်သွားတဲ့လူကြီးကဘယ်သူကြီးလဲ
သူနဲ့အတူထွက်သွားတော့မလို့လား....အိမ်ကြီးထဲမှာငါ့ကိုပစ်မထားခဲ့ပါနဲ့နော်"

"မောင့်ကိုပွေ့ဖက်ပါဦး"

လှေကားထစ်ကနေတစ်လှမ်းချင်းတက်လာသူကိုအခန်းရှေ့မှာဒူးနှစ်လုံးထောင်ပြီးငုတ်တုတ်လေးထိုင်ကာမျက်နှာငယ်လေးနဲ့မေးတော့စိတ်မကောင်းဖြစ်နေမှန်းသူသိတာပေါ့

ဂုတ်ကနေခိုတွဲကာရင်ဘက်ကိုခေါင်းလေးနဲ့မှီပြီးစကားမပြောတော့
ကျောကုန်းလေးကိုအသာပုတ်ပေးကာ

𝐈𝐍𝐓𝐄𝐍𝐒𝐄Hikayelerin yaşadığı yer. Şimdi keşfedin