မောင်.....

1.7K 147 4
                                    

"ဒီနေ့အိမ်ကိုဧည့်သည်လာလိမ့်မယ်
ငါ့သားအလုပ်အားတဲ့ရက်နဲ့တိုက်ပြီးမာမီကဖိတ်ထားတာ
သားတို့အချင်းချင်းထမင်းအတူတူစားကြ
ရင်းနှီးအောင်လို့ပေါ့"

"ဆူဇီမလား"

"ငါ့သားကကြိုသိနေတော့လည်းကောင်းတာပေါ့....သူဒီကိုပြန်လာတာခဏလေးဘဲ
သိပ်မကြာခင်သူနိုင်ငံခြားကိုသင်တန်းတက်စရာရှိလို့ပြန်သွားတော့မှာ"

"ညပိုင်းစာကြည့်ခန်းထဲကိုအရေးတကြီးလာခိုင်းတဲ့အကြောင်းကဆူဇီပေါ့"

"မှန်တယ်"

"ဒါဆိုသွားခွင့်ပြုပါဦး"

"ရှောင်းကျန့်ငါ့ကိုလူကြီးတွေရှေ့မှာမျက်နှာပျက်ရအောင်မလုပ်နဲ့
ငါအနှောင့်အယှက်ဆိုတာကိုမကြားချင်ဘူး"

"....."

နောက်နေ့မနက်အတွက်တော့သူရင်လေးရဦးမှာလား
သူ့အတွက်အချစ်ရဆုံးသောလူစိတ်ပျက်အောင်သူလုပ်မိမှာစိုးရိမ်ပါတယ်
ခြေလှမ်းတွေကပင်လေးနေသလိုသူပါးစပ်ကပြုံးလည်းမပြုံးချင်တော့ပါ
အခန်းတံခါးကိုတွန်းဖွင့်ပြီးရွှင်ပြသောမျက်နှာနဲ့ရိပေါ်ကိုနှုတ်ဆက်လိုက်သည်

"မောင့်သဲငယ်...ဘာလို့အမြဲတမ်းပြတင်းပေါက်လေးနားမှာဘဲကျုံ့ကျုံ့လေးထိုင်နေရတာလဲ
မောင့်ကိုမလွမ်းဘူးလား...မနက်ဖြန်မောင်အလုပ်နားတယ်
မင်းဘေးမှာဘဲအမြဲရှိနေနိုင်ပြီ....ရှားရှားပါးပါးမောင့်ရဲ့အားလပ်ချိန်လေးကိုသဲငယ်နဲ့ဘဲကုန်ဆုံးချင်ပါဘိ"

ပြတင်းပေါက်လေးကိုမျှော်ကာအမြဲတမ်းကျုံ့ကျုံ့လေးထိုင်နေသူကိုနောက်ကသိမ်းဖက်ပြီးပွေ့လိုက်ကာသူ့ပေါင်ပေါ်တင်လိုက်တော့ထိုသူကသူ့ကိုမျက်နှာငယ်လေးနဲ့မော့ကြည့်လာပြီး

"မနက်ပိုင်းတွေမှာပေါ်တစ်ဝက်ပျောက်တစ်ဝက်နေရောင်ပျောက်လေးတွေကိုအဖော်ပြုရတယ်
ညဘက်မှာဆိုအေးမြတဲ့လရောင်ကအကြောက်တရားတွေကိုငါ့ရဲ့အဝေးသွားစေပြီးငါ့ကိုအဖော်ပြုပေးတယ်
ငါကလေသော့ပိတ်ထားတဲ့လှောင်အိမ်ထဲကခွေးတစ်ကောင်နဲ့တောင်တူနေပြီ
လှောင်အိမ်ထဲကထွက်ချင်လွန်းလို့မနက်ပိုင်းတွေမှာနေရောင်ကိုကြည့်ပြီးနေမင်းကြီးကိုအကူအညီတောင်းနေရတယ်
ဒါပေမဲ့နေမင်းကြီးကလည်းငါ့ကိုမကယ်နိုင်ဘူး
ညဘက်မှာဆိုလည်းဖြာကျတဲ့လရောင်အောက်မှာနေရင်းလမင်းကြီးကိုမော့ကြည့်ပြီးအကူအညီတောင်းရပြန်ရော.....လမင်းကြီးကလည်းအတူတူဘဲ
မကယ်နိုင်ပြန်ဘူး...လမိုက်ညတွေမှာတော့တောင့်တစရာမရှိလို့ကိုယ့်ကိုကိုယ်အကြောက်တရားတွေနဲ့အဖော်ပြုနေရတယ်"

𝐈𝐍𝐓𝐄𝐍𝐒𝐄Where stories live. Discover now