ရှောင်းကျန့်အခန်းထဲဝင်လာတော့ရိပေါ်ကုတင်ပေါ်မှာကွေးကွေးလေးလဲနေသည်
မလှုပ်မယှက်လှဲနေသည့်အပြင်သူခေါ်တာကိုလည်းမထူးတုတ်တုတ်မျှမလှုပ်တာကြောင့်ပခုံးလေးကိုအသာအယာထိမိတော့အဝတ်တွေကအနည်းငယ်စိုနေသည့်အပြင်အသားတွေကပူကျစ်နေတယ်
အစိုးရိမ်လွန်ပြီးရိပေါ်ကိုယ်လုံးလေးကိုကိုင်မြှောက်ကာ
သူ့ရင်ခွင်ထဲထည့်ထားလိုက်သော်လည်းသတိမရသေးတာကြောင့်
သူပြာယာခတ်သွားတယ်
ရေတစ်ခွက်တိုက်လိုက်တော့မှသတိပြန်လည်လာတာမို့
အနည်းငယ်တော့စိတ်သက်သာရပါသေးသည်"မင်းဘာလို့ကိုယ့်ကိုကိုယ်ညှင်းဆဲရတာလဲ
မောင်ဘယ်လောက်စိတ်ပူသွားလဲသိရဲ့လား....မွေ့ယာကြီးလည်းစိုနေတာမင်းအင်္ကျီဝတ်လျက်သားနဲ့ရေချိုးခဲ့တာလား....မင်းနေမကောင်းလို့မောင်အဝတ်လဲပြီးတဘက်အစိုလေးနဲ့ဘဲမင်းတစ်ကိုယ်လုံးကိုသန့်ရှင်းရေးလုပ်ပေးခဲ့တာလေ""ဟင့်အင်း~~~"
ရင်ခွင်ထဲကလူကငိုသံတွေစွပ်ကာ ဟင့်အင်းတစ်လုံးဘဲပြောနေမိသည်
သူတော်တော်ခံစားနေရမှာသိသာလွန်းပါတယ်ရှောင်းကျန့်သူအလုပ်ကပြန်ရောက်ရောက်ချင်းလက်ဆွဲအိတ်ကိုပစ်ချကာရေပင်မချိုးအဝတ်အစားမလဲရသေးဘဲ
ရိပေါ်ကိုအဝတ်အစားထူထူလဲပေးကာစောင်နဲ့အလုံထုတ်ပြီးသူ့ပေါင်ပေါ်သာတင်ထားရင်းအောက်ထပ်ကိုဖုန်းဆက်ကာအိမ်အကူကောင်မလေးတွေကိုမွေ့ယာလဲပေးဖို့ပြောလိုက်သည်
သူကတော့အခန်းပြတင်းပေါက်အနားကဆိုဖာပေါ်မှာ
ရိပေါ်ကိုပေါင်ပေါ်တင်လျက်ထိုင်နေလိုက်တယ်
ရင်ခွင်ထဲကလူကိုသူ့ကြောင့်နာကျင်သွားမှာစိုးလို့ပဲ့ကြွေသွားမှာစိုးလို့ဖွဖွလေးပင်မထိရက်မကိုင်ရက်ရေမချိုးရသေးတဲ့အပြင်သူ့အတွက်ပါစိတ်ပူပြီးဇောချွေးပျံနေပေမယ့်လည်း
ကြယ်သီးအစုံတပ်မထားဘဲဟထားတဲ့ဒီလူ့ရင်ခွင်ကျယ်ကြီးမှာသူမှီနေရတာကြောင့်နှလုံးခုန်သံတွေကိုကြားနေရသလိုချွေးနံ့လေးကိုတောင်သူရနေတယ်*ငါ့အနားမှာအချိန်တန်တော့လည်းမင်းတစ်ယောက်တည်းရှိခဲ့တာပဲ*
YOU ARE READING
𝐈𝐍𝐓𝐄𝐍𝐒𝐄
Fanfictionဘယ်တော့မှနိုးမလာတဲ့အိပ်စက်ခြင်းကမင်းနဲ့မတန်တာမို့စောစောစီးစီးမအိပ်လိုက်ပါနဲ့ဦး ပေါင်းစည်းခြင်းတံတားပေါ်မှာမောင်မရှိသေးဘူးလေ မောင်နဲ့အတူသွားဖို့နိုးလာမှပေါ့ " Zawgyi~~~ ဘယ်တော့မှနိုးမလာတဲ့အိပ်စက်ခြင်းကမင်းနဲ့မတန်တာမို့စောစောစီးစီးမအိပ်လိုက်ပါနဲ့ဦး ေ...