မောင့်ကိုအသက်တိုအောင်လုပ်နေတာပဲ

1.8K 148 10
                                    

"ရှောင်းကျန့်....အဲ့လိုကြီးမလုပ်ခဲ့ပါနဲ့
ငါ့ကိုသော့ခတ်ထားတာဖွင့်ပေးပါ"

"မရဘူး မရဘူး
မင်းကငါ့စကားကိုနားထောင်မှာမဟုတ်ဘူးဆိုတာငါသိပြီးသား...မောင်ကချစ်လို့လုပ်တာစိတ်မဆိုးပါနဲ့ကွာ"

သူဘယ်လောက်ဘဲတောင်းပန်နေပါစေShoesဖိနပ်သံကဝေးသွားသည်မို့ရှောင်းကျန့်ထွက်သွားမှန်းသူသိလိုက်သည်
အခန်းတံခါးကိုမှီကာစိတ်ပျက်လက်ပျက်ထိုင်ချလိုက်တယ်
ဒီလိုလူမျိုးကိုသူ့မသိစိတ်ကချစ်နေမိတာသူကိုယ်သူပင်မယုံကြည်နိုင်
ဒီလူသူ့အပေါ်ဘယ်လောက်များဆိုးဆိုးဝါးဝါးအပြုအမူတွေပြုမူပါစေ....ထိုအချိန်ခဏအတွင်းတော့သူဒေါသထွက်ပေမဲ့အချိန်ကြာတော့သူ့ဒေါသတွေကလွင့်စင်သွားသလို
ဒီလူသူ့အပေါ်ကောင်းကောင်းမွန်မွန်ဂရုစိုက်ပေးတာတွေကိုတော့သူရင်ထဲကအနက်ရှိုင်းဆုံးတစ်နေရာမှာရှိတဲ့သေတ္တာငယ်လေးထဲမှာသိမ်းထားမိတယ်

"သေတ္တာလေးကသေးငယ်လွန်းတာတောင်ခုထိမပြည့်သေးဘူးထင်တယ်"

အတွေးဂယက်ထဲနစ်မျောနေချိန်သူ့အခန်းတံခါးအပြင်ကသော့အိမ်ကိုကိုင်ပြီးသော့ဖွင့်နေသံ
ရေဆာနေတဲ့အချိန်ရေတွင်းထဲပြုတ်ကျသွားသလိုသူအရမ်းပျော်သွားသည်

"ရှောင်းကျန့်မင်းမသွားသေးတာလား....ငါ့ကိုသော့ဖွင့်ပေးတာလား"

အနည်းငယ်ပြုံးရွှင်ကာရွှင်ပြသောအသံနဲ့စကားပြောနေခဲ့ပေမဲ့တံခါးဖွင့်ဖွင့်ချင်းသူမြင်လိုက်ရတဲ့မျက်နှာကြောင့်အနည်းငယ်တော့ကြောက်ရွံ့သွားသလို

"မင်းဒီအိမ်မှာနေမယ်ဆိုအနည်းဆုံးတော့မင်းစားခဲ့တဲ့အစားအစာတွေရဲ့အဖိုးအခအတွက်ပေးဆပ်ရမယ်လို့မထင်ဘူးလား....ရော့...မင်းတာဝန်ကစတိုခန်းထဲမှာ"

"ဒါမဲ့ရှောင်းကျန့်က....."

"ရှောင်းကျန့်ကငါမွေးလို့လူဖြစ်လာတာ
စကားတွေလည်မပြောနဲ့....ရှောင်းကျန့်အပြင်မှာအိမ်ရဲ့ငွေဝင်ပေါက်တွေကိုတိုးတက်အောင်လုပ်နေတာဆိုတော့က
အိမ်မှာနေတဲ့မင်းကလည်းအိမ်ရဲ့တာဝန်တွေထဲကတစ်ခုကိုယူသင့်တယ်လို့မထင်ဘူးလား"

𝐈𝐍𝐓𝐄𝐍𝐒𝐄Donde viven las historias. Descúbrelo ahora