"ဒီနေ့မောင်အလုပ်သွားရမယ်
အိမ်မှာတစ်ယောက်တည်းအေးအေးဆေးဆေးလေးနေခဲ့နော်
ဒါမှမဟုတ်မောင်နဲ့လိုက်ခဲ့မလား""ဒီနေ့တော့မလိုက်သေးဘူး....အိမ်မှာဘဲနေခဲ့မယ်"
ရှောင်းကျန့်အနည်းငယ်စဉ်းစားဟန်ပြုပြီး
"မောင်နဲ့အလုပ်ကိုလိုက်ခဲ့....အိမ်မှာဆိုမောင်စိတ်မချနိုင်ပါဘူး"
"မောင့်သဘော"
ရိပေါ်ရှောင်းကျန့်ခေါ်ရာနောက်ကောက်ကောက်ပါအောင်လိုက်ခဲ့လေသည်
အလုပ်စားပွဲခန်းထဲရောက်တော့ပုံမှန်အတိုင်းပင်ဧည့်သည်များထိုင်တဲ့ဆိုဖာပေါ်လျက်ငြိမ်ငြိမ်လေးထိုင်နေလျက်"သဲငယ်အေးနေလား....မောင်airconပိတ်လိုက်မယ်"
"Airconပိတ်လိုက်ရင်မောင်ကပူနေတော့မှာပေါ့
မပိတ်ပါနဲ့""အဲ့တာဆို~~~~"
ရှောင်းကျန့်သူ့ရဲ့အပေါ်coatကိုချွတ်လိုက်ကာရိပေါ်ကိုလွမ်းခြုံပေးလိုက်သည်
ခဏကြာတော့အခန်းထဲကိုအတွင်းရေးမှူးလို့ထင်ရတဲ့လူတစ်ယောက်ကဝင်လာတယ်
"ဒီနေ့ပြီးနောက်တစ်နေ့ရောက်ရင်companyရဲ့ရှယ်ယာဝင်များနဲ့ညစာစားပွဲရှိပါတယ်
အဲ့ပွဲကိုတက်ရောက်ရပါမယ်""ငါမတက်ရင်??? "
"သခင်လေးကကုမ္မဏီပိုင်ရှင်လည်းဖြစ်တယ်
ရှယ်ယာအများဆုံးကိုပိုင်ဆိုင်တာဆိုတော့မတက်ရင်မကောင်းပါဘူး
အဲ့တာကြောင့်ပါ""ရပြီ....လက်မှတ်ထိုးစရာရှိတာတွေတင်ထားခဲ့"
ရှောင်းကျန့်ရိပေါ်ကိုလှမ်းကြည့်တော့ဟိုကြည့်ဒီကြည့်အကြောင်သားလေး
"သဲငယ်....မောင်နောက်နေ့ညpartyတက်စရာရှိတယ်
အဲ့တာသဲငယ်လိုက်မလား....partyကခမ်းခမ်းနားနားလုပ်မှာဆိုတော့ရုပ်သံလိုင်းတွေကပါပြသကြမှာထင်တယ်
မောင့်ကုမ္မဏီကရှယ်ယာဝင်တစ်ချို့ကကြီးကြီးကျယ်ကျယ်တွေလုပ်ရတာအရမ်းသဘောကျကြတယ်""လူအများကြီး.....မလိုက်ချင်ဘူး
ဆူညံတာတွေမကြိုက်ဘူး""အဲ့တာဆိုမောင်တစ်ယောက်တည်းသွားရမှာပေါ့
မောင့်သဲငယ်ကအိမ်မှာမောင့်ကိုစောင့်နေခဲ့နော်"
YOU ARE READING
𝐈𝐍𝐓𝐄𝐍𝐒𝐄
Fanfictionဘယ်တော့မှနိုးမလာတဲ့အိပ်စက်ခြင်းကမင်းနဲ့မတန်တာမို့စောစောစီးစီးမအိပ်လိုက်ပါနဲ့ဦး ပေါင်းစည်းခြင်းတံတားပေါ်မှာမောင်မရှိသေးဘူးလေ မောင်နဲ့အတူသွားဖို့နိုးလာမှပေါ့ " Zawgyi~~~ ဘယ်တော့မှနိုးမလာတဲ့အိပ်စက်ခြင်းကမင်းနဲ့မတန်တာမို့စောစောစီးစီးမအိပ်လိုက်ပါနဲ့ဦး ေ...