"မင်း တစ်ညလုံးအိမ်ပြန်မလာတာဘာသဘောလဲ"
အိမ်တော်ထဲဝင်ဝင်ချင်းကြားလိုက်ရသည်ကရှောင်းမားရဲ့အသံ
အသံလာရာကြည့်လိုက်တော့ဧည့်ခန်းကဆိုဖာပေါ်မှာမလှုပ်မယှက်ထိုင်နေကာသူ့မျက်နှာကိုမကြည့်ဘဲပြောနေခြင်းပင်
ရှောင်းကျန့်ဘာမှမပြောဘဲအိမ်ပေါ်တက်သွားသည်
ရှောင်းကျန့်အပြုအမူကိုမြင်တော့ရှောင်းမားနောက်ကနေလိုက်ကာရှောင်းကျန့်အခန်းထဲရောက်သည်အထိလိုက်ဝင်သွားပြီး"ငါပြောတာကိုမင်းကမကြားတာလား"
"တော်ပါတော့ ကျောင်းမှာလည်းမားမလုပ်သင့်တာတွေကိုလုပ်ခဲ့ပြီးပြီ အခုလည်းသားကိုသူနဲ့ဝေးဝေးနေခိုင်းမလို့မလား"
"မင်းကငါပြောမှာတွေကိုသိရဲ့သားနဲ့ဘာလို့သွားပြီးပတ်သက်နေသေးတာလဲ
မင်းပတ်သက်နေသရွေ့တော့ငါကပြောရမှာလဲ""အစတည်းကပြောပြီးသား
သူ့ကိုတကယ်မချစ်ပါဘူးလို့""မင်းပုံစံကသူတစ်ခုခုဖြစ်တာနဲ့အလျင်အမြန်လာကာကွယ်တယ်
ဘာမဆိုသူ့ဘက်ကရပ်တည်ပေးတယ်
မင်းရဲ့မုန့်ဖိုးအများစုကိုလည်းသူ့အတွက်ဘဲသုံးပေးခဲ့တာမလား ငါအကုန်သိတယ်ရှောင်းကျန့်ရဲ့
ဒါတွေကမင်းသူ့ကိုအပျော်တွဲပါတယ်ဆိုတဲ့သက်သေတွေပေါ့... ဟုတ်လား...အခုလည်းမင်းကမင်းကိုမွေးထားတဲ့အမေထက်သူ့ကိုပိုပြီးအဖြစ်သည်းပြနေတာလေ
ငါကမင်းကိုမွေးထားတဲ့အမေ
မင်းဘယ်ခြေလှမ်းလှမ်းတယ်ဆိုတာငါသိတယ်"ရှောင်းမားပြောရင်းနဲ့ငိုရှိုက်သံတွေပါလာသည်
"ဟုတ်တယ်...သူ့ကိုချစ်နေတာ
သူကလက်မခံဘူး.....မားတို့ကသာရေနစ်သူကိုဝါးလုံးနဲ့ထိုးချနေကြ....သူကသားကိုကြိုက်ချင်ပေမဲ့မားတို့ကြောင့်မားမျက်နှာကြောင့်သူကငြင်းလိုက်ရတယ်
အကုန်လုံးကမားကြောင့်ဖြစ်တယ်ဆိုတာမားသိလား"ရှောင်းကျန့်မျက်လုံးများနီရဲကာအော်ကြီးဟစ်ကျယ်အသံနဲ့ပြောနေခဲ့တယ်
"အော်...ဒါဆိုအားလုံးကငါ့ကြောင့်ပေါ့"
"ဟုတ်တယ်....ဒါတွေအားလုံးမားကြောင့်....မားကလိုက်ဖျက်ဆီးပစ်နေတာ"
YOU ARE READING
𝐈𝐍𝐓𝐄𝐍𝐒𝐄
Fanfictionဘယ်တော့မှနိုးမလာတဲ့အိပ်စက်ခြင်းကမင်းနဲ့မတန်တာမို့စောစောစီးစီးမအိပ်လိုက်ပါနဲ့ဦး ပေါင်းစည်းခြင်းတံတားပေါ်မှာမောင်မရှိသေးဘူးလေ မောင်နဲ့အတူသွားဖို့နိုးလာမှပေါ့ " Zawgyi~~~ ဘယ်တော့မှနိုးမလာတဲ့အိပ်စက်ခြင်းကမင်းနဲ့မတန်တာမို့စောစောစီးစီးမအိပ်လိုက်ပါနဲ့ဦး ေ...