မင်းအကြောက်ဆုံးအရာကဘာလဲ

1.7K 149 9
                                    

"ငါကျောင်းပြန်တက်ချင်တယ်...."

"မရပါဘူး.…ဒီမှာမောင်ကမင်းကိုအရာအားလုံးပြည့်ပြည့်စုံစုံထားတာလေ
မင်းဘာလိုသေးလို့တုန်း"

"ဒါမဲ့ငါကြိုးစားခဲ့ရတာတွေကိုအခုလိုရေစုန်မျောမပစ်ချင်ဘူး"

"မောင်ကအခုအပြင်မှာအလုပ်လုပ်နေတယ်
ရတဲ့ပိုက်ဆံတွေကိုမင်းကသိမ်းထား
မင်းအတွက်နေစရာစားစရာသုံးစရာအကုန်လုံးမောင့်အပိုင်းဘဲထားစမ်းပါ
မောင်ကသဲငယ်ကိုအဖက်ဖက်ကပြီးပြည့်စုံအောင်ထားနိုင်ဖို့ကြိုးစားနေတာမို့မောင့်ကိုသာယုံကြည်လိုက်စမ်းပါ"

"ငါကမင်းကိုမှီခိုနေရမယ်ပေါ့"

"ဒါပေါ့....မောင့်ကိုဘဲမှီခိုလိုက်"

ဒီလူ့ကသူ့ထက်ပိုပြီးခေါင်းမာနေသယောင်ရှိတာမို့သူဘာမှဆက်မပြောတော့

"ဒါဆိုမောင်ကအလုပ်သွားတော့မယ်
ဆေးပုံမှန်သောက်ပြီးနွေးနွေးထွေးထွေးနေနော်...မောင့်ကိုစိတ်ပူရအောင်မလုပ်နဲ့"

ပြွတ်စ့်~~~~

နဖူးလေးကိုဖွဖွလေးနမ်းလိုက်ကာလက်ဆွဲအိတ်ယူပြီးလှည့်ထွက်မယ်ကြံတော့
ရှောင်းကျန့်လက်ကိုရိပေါ်ဆွဲထားကာ

"မင်းအကြောက်ဆုံးအရာကဘာလဲ"

ရှောင်းကျန့်ခဏတာရိပေါ်ကိုကြည့်ရင်းတွေဝေသွားတယ်
ပြီးတော့မှ

"မောင်အကြောက်ဆုံးအရာကမရှိဘူးလေ"

"ဒါဆိုငါ့ကိုယ်ငါအဆုံးစီရင်လိုက်ရင်ရော"

"အဲ့တာဆိုလည်းအကြောင်းမရှိပါဘူး....မောင်ကပါမင်းနောက်လိုက်ခဲ့မှာပေါ့
တို့နှစ်ယောက်ကတမလွန်မှာရှိတဲ့ပေါင်းစည်းခြင်းတံတားမှာပြန်ဆုံကြမယ်လေ"

"မင်းရှေ့ကနေငါသတင်းမကြားအသံမလာဘဲရုတ်တရက်ပျောက်သွားခဲ့ရင်ရော"

"မောင်ကရေမြေတစ်ဆုံးမြေလှန်ပြီးမောင့်အရိုးတွေမကြေမချင်း.....မောင့်အသားအရည်တွေမခမ်းမခြောက်ချင်းမင်းကိုဘဲလိုက်ရှာနေမိမှာမို့
မိုးကောင်းကင်နဲ့မြေပြင်ကျယ်ကြီးထိစပ်တဲ့တစ်နေရာမှာတော့မင်းကိုပြန်ရှာတွေ့မှာပါ"

𝐈𝐍𝐓𝐄𝐍𝐒𝐄Dove le storie prendono vita. Scoprilo ora