Scroll down ⬇️
Zawgyi version is below.#Unicode
သူ မမြင်အောင် ကွယ်ရာကနေ လှမ်းပို့ခဲ့တဲ့ အနွေးခဲလေးတွေ သူ့ဆီ မရောက်ခင်ပဲ အေးစက်သွား... ပြီးတော့ ကွဲကြေမွ ... ။
သူ မပေါင်းတတ်တဲ့ ' အချစ်မေတ္တာ ' ဆိုတဲ့ ဝေါဟာရကို အကြောင်းပြုပြီး အယူခံဝင်ချင်တယ် ။ သူ မတရားဘူး ... ။ သူ့အနားကပ်ဖို့ ဒီနိမ့်ကျတဲ့ကျွန်ငယ်ဟာ ဘယ်လောက် သတ္တိမွေးလိုက်ရသလဲ သူ မသိလေရော့သလား ... ။
' မထိနဲ့ ' တဲ့ ။
ဒေါသတွေနဲ့ ...အလွယ်ပဲ ပြောလေရဲ့ ။အငြိုးဓာတ်လွန်ကဲနေတဲ့ အကြည့်နက်နက်ကို ခုခံနိုင်စွမ်းတွေ Afa.မှာ မရှိဘူး ။ အံကိုကြိတ်ပြီး ရင်ဖက်ထဲက ရောဂါကိုဖိနှိပ်ဖို့ပဲ ကြိုးစားမိခဲ့သည် ။
သိပ်ခက်ခဲလှပါသည် ။
သူ ငြင်းလိုက်တာတွေဟာ Afa. ရင်နင့်သည်းခြာထဲက ခံစားချက်တွေကို အရည်ကျို ပုံလောင်းထားသမျှအရာတွေလေ ။သူ့အလိုကို လိုက်နာပေးလိုက်ဖို့ဆိုတာ လွယ်လွယ်လေးပါပဲ ... Afa ဒီခံစားချက်ကြီးကို သိုဝှက်လိုက်ရုံပဲ ။ ကြိတ်မှိတ်သည်းခံခြင်းဆိုတာက Afa. ကျွမ်းကျင်ရာပဲလေ ။
Afa သူ့အမိန့်အတိုင်း မျက်လုံးကို မှိတ်ထားလိုက်သည် ။ ပြီးနောက် သူ ဘာလုပ်မလဲ နားစွင့်နေလိုက်သည် ။
အဝတ်စချင်း ပွတ်တိုက်သံလိုလို ကြား၏ ။
သူ အဝတ်တွေချွတ်နေတာလား ?
မျက်လုံးမှိတ်လျက် သူ့အရှေ့အနီးလေးမှာပဲ ထိုင်နေတဲ့ ဤကျွန်ငယ်လေး ဘာတွေးတွေး အရေးမထားသကဲ့သို့ပင် ။
နတ်တစ်ပါးနှယ် လှရက်သူဖြစ်ပါလျက် အဝတ်လဲတိုင်း ဗလာကျင်းတဲ့ခန္ဓာကို သူတပါးမြင်မှာ မလိုလားလို့ အကြည့်ဟူသမျှအပေါ် ပဝါလွှားခဲ့သူပင် ။ အသက်ဘေးကို ရှေ့ထားပြီးတောင် သူ သိုဝှက်လိုသတဲ့ ... ။
အရှက်တရားလား ? ဒါမှမဟုတ် ဒီထပ် နက်နဲမယ့် အကြောင်းတရားတွေပဲလား ?
ဒီထပ်ပိုပြီး နက်လျှင် သူအစစ်ကို Afa မြင်နိုင်ပါတော့မလား ။Ash : " ရပြီ ၊ ပြန်ဖွင့်တော့ "
ခဏတုန်းက ဒေါသသံတွေမဟုတ်တော့ပေ ။ အသံကြည်ကြည်ဟာ တည်ငြိမ်လျက် ... ။
KAMU SEDANG MEMBACA
Days of Counting Camellia (Hiatus)