[ကူးပြောင်းဖို့ စတင်နေပါပြီ...... ]{ 1% 9% 10% 50% 70% 90% 99% 100 % ............}
ပထမကမ္ဘာကထက် အနည်းငယ်ပိုအားပြင်းသည့် နာကျင်မှု။ ခန္ဓာကိုယ် က သွေးကြောတွေကို ပြောင်းပြန်စီးဆင်းစေသည်အထိ စွမ်းအားကြီးသည်။................
** နာတယ်.......အရမ်းနာကျင်တယ်.......... **
တစ်စတစ်စ တိုးဝင်လာသည့် အဖြူရောင်အလင်းတန်း....... မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရ သည့် နေရောင်က စူး ကတည်းပင်။.......
"ရိုက် ကြစမ်း "
ရွှမ်း! ရွှမ်း! ရွှမ်း! ......
"အ့! အွတ်.....အ့ .....နာတယ်. "
မိန်းကလေးတွေ ကြားမှာသူရောက်နေတာ အဲ့မိန်းကလေးတွေက ရှေ့ခေတ်က အကျ်ီ တွေဝတ်ထားတယ်။...........ပြီးတော့.....သူ့ကိုရိုက်နေတာက မိန်းကလေးတစ်ယောက်။.......... သေသေချာချာပြောရရင်၊ နန်းတွင်း ဇာတ်လမ်းတွေထဲက အထိန်းတော်တွေ ဝတ်တဲ့ အဝတ်အစားတွေနဲ့........ ဧကန္တ သူမိန်းကလေးခန္တာကိုယ်ထဲရောက်နေတာလား။........
*ရှောင်လင်! လူယုတ်မာsystem!!!!! ငါမိန်းကလေးခန္တာကိုယ်ထဲရောက်နေလို့ကတော့ မင်းတို့သေဖို့သာပြင်ထား......... *
ဒုတိယကမ္ဘာကို ရောက်ရောက်ခြင်း ကြိမ်ဖြင့် အရိုက်ခံနေရသော host အား ကြည့်ပြီး ရှောင်လင် အမွှေးတိုင်ထွန်းပေးနေရသည်။........ host အတွက်တော့မဟုတ်ဘူး။ သူ့အတွက်၊.....ကိုယ့်အတွက်ကိုယ် ကြိုထွန်းထားတာ။...... သူ့ကို host စိတ်အရမ်း ဆိုးနေလောက်ပြီ။........
စူးရှကျယ်လောင် သော host ရဲ့အော်သံ နှင့်အတူ ထွက်ပေါ်လာသော ကြိမ်ရိုက်သံများ............
ရွှမ်!.....ရွှမ်.!!.....
" အ့!.....အ့!...... နာတယ်!...... အဟင့်! "
ရွှမ်း!.........ရွှမ်း!.........
အချက် ၂၀ အရိုက်ခံရမှုရဲ့ အဆုံးသတ်မှာ......ရှောင်ကျန့်ရဲ့ အမှောင်ကျသွားသောအာရုံခံစွမ်းအားများကြောင့်၊ ရှောင်ကျန့်ခဏတာ စိတ်သက်သာသွားရသည်။ ပြီးတော့ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ သူမေ့လဲသွားတာ။
YOU ARE READING
လူယုတ်မာ SYSTEM (Evil System)👿
FanfictionSystem: :hostက ယုတ်မာလိုက်တာ၊ လူယုတ်မာ host ÷_÷ Host : :မင်းတို့ SYSTEM ယုတ်မာလို့ ငါလဲ လိုက်ယုတ်မာ ရတာလေ၊ လူယုတ်မာ SYSTEM :)) - - -This's my first system fic. - - - - So I apologize if something went wrong. 🙏💙 #Viridian Thoon ♡ System: :hostက ယုတ...