Intro

14.2K 669 51
                                    

"အားးးးးး ပြင်းစရာကြီး"

   ရှောင်အိမ်တော်ကြီးရဲ့ အမွှေစိန်ဟာ အခန်းတွင်းအောင်းကာ၊ ပြင်းရိခြင်းဂါထာကို မရပ်မနားရွတ်ဆိုနေလေရဲ့ ................
* Game ဆော့ပါမယ်ဆို၊ ဟိုကောင်တွေကလည်းလိုင်းမတတ်လာဘူး။ စိတ်ဓာတ်ဘဲ ! *

" ဂွီ!"

  အဲပြောရင်းနဲ့ ဗိုက်ဆာလာပြီ။ လိုင်းပေါ်မှာ ခေတ်ထနေတဲ့ spicy အနက်ရောင်ထုပ်လေး သွားဝယ်ပြီး ပြုတ်စားရမယ်။ 

" Let's go!! "

"ဦးလေးလီရေ... ဦးလေးလီ"(ဦးလေးလီ is အိမ်တော်ထိန်း)

"ဗျာ သခင်လေးရှောင်ကျန့် "

"မားတို့ရော"

"သခင်ကြီးက companyသွားပါတယ်သခင်လေး၊ သခင်မကြီးက ဆိုင်သစ်ဖွင့်ပွဲ သွားပါတယ်"

"Aww ... ကျွန်တော်အပြင်ခဏ သွားလိုက်ဦးမယ်နော် "

"ဟုတ်ကဲ့သခင်လေး"
*တားရင်လည်းရမှာမဟုတ်ပါဘူး။ သခင်လေးတစ်ယောက်မွှေမလာပါစေနဲ့*

    *သြော် မိတ်ဆက်ရဦးမယ်။ ကျွန်တော်က ရှောင်အိမ်တော်ရဲ့ တစ်ဦးတည်းသောသားလေး ရှောင်းရှောင်ကျန့်။ ကျွန်တော့်အကြောင်းကတော့ သိပ်ပြီး များများစားစား ပြောစရာမရှိပါဘူး။ ပါပါးက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်၊ မားမားက မျိုးရိုးစဥ်ဆက် လုပ်ကိုင်လာတဲ့ ကျောက်မျက်ရတနာ လုပ်ငန်းကို ဦးစီးတယ်၊ ကျွန်တော်က အမွှေစိန် အဲမဟုတ်ပါဘူး ကျွန်တော်က Beijing University မှာ စီးပွားရေး မေဂျာ second year တတ်နေတယ်။
ရှောင်ကျန့်ဆိုတဲ့ ကျွန်တော်က စော်ကြည်ဘဲလေ။ စော်တင်မကဘူး ဘဲတွေပါကြည်တယ် အဲ့တာကြောင့် သူငယ်ချင်းမ နှစ်ကောင်က ကျွန်တော်ကို လင်ပေးစားပြီး bottom ထိုင်ခိုင်းစေချင်နေတာလေ*

ဒါပေမယ့် ကျွန်တော်က straight စစ်စစ်။
____________________________

SPICY အနက်ရောင်ထုပ်နဲ့ အာလူးကြော်ဝယ်အပြီး တစ်ဖက်ခြမ်းရှိ ကားရပ်ထားသည့်နေရာသို့ သွားရန်ကားလမ်းဖြတ်အကူး။......

ကျွီ!!!! ဒုန်း !!!!

အ့ !!

  ရုတ်တရက်မို့ ရှောင်ချိန်မရလိုက်သလို ခန္တာကိုယ်တစ်ခုလုံး လေပေါ်မြောက်တက်သွားပြီး ကတ္တရာလမ်းမပေါ်သို့ပြန်အကျ၊

လူယုတ်မာ SYSTEM (Evil System)👿Donde viven las historias. Descúbrelo ahora