Arc(1.7)My CEO👨‍💼

6.6K 545 27
                                    

" ငါ ကော်ဖီ လာသောက်တာလေ ဘာများဖြစ်လို့လဲအမိ။........."  

    "ဘာ!! ......"

    "ကျွန်တော့်ကို မြင်လိုက်ရလို့ အရမ်းအံ့သြသွားတာလား အမိ"

   "ဘာ ဘာဖြစ်တယ် ငါကမင်းကို....... ဟ! မင်း ကိုယ်မင်း ဘာထင်နေလဲ ... ကြာကူလီကောင်...... "

   "ကောင်လေး မင်း လာရာ လမ်းအတိုင်း ပြန်လှည့်သင့်တယ်.... "

    * ဘာ ကြာကူလီကောင်ဟုတ်လား။ဒီ ကြာပန်းဖြူမကတော့........ အဟက်!! ငါ့ကိုများ ကြာကူလီကောင်တဲ့ မင်းလိုမျိုး ငါကယောင်္ကျားတစ်ကာကို မြူစွယ်နေလို့လား Sh*t ။ ဟိုအဖိုးကြီးကလဲ သူ့ကောင်မကို ထိတော့နာတယ်ပေါ့.....*

   "အဟက်! ကျွန်တော် လာရာလမ်းအတိုင်း ပြန်လှည့်လိုက်ရင် , ခင်ဗျားတို့ ထောင်နန်းစံ ရတော့မှာလေ...... "

    "နင်.....နင် ဘာပြောတယ်...."

    [Host ရှောင်ရှုမင် hostတို့ ရှိတဲ့ ဘက်ကိုလာနေပြီ ....]

   "  အမကြီး ကျွန်တော်ပြောတာ ဘာမှားသွားလို့လဲ..... အော်! သိပြီ ....... ခင်ဗျား ခိုးထားတာတွေပေါ်သွားမှာ စိုးလို့လား ?? မစိုးရိမ်ပါနဲ့ ခင်ဗျား က ကျွန်တော်ခိုးတယ်လို့ ရိုးစွပ်ထားပေမယ့် တကယ့် သူခိုးနှစ်ကောင်က ကျွန်တော့်ရှေ့မှာ ရှိနေတာကို ထုတ်မပြောပါဘူး။ပြီးတော့ ခင်ဗျားရဲ့ စပွန်ဆာတွေနဲ့ အတူနေတဲ့ Hotel ကလေ ကျွန်တော်ပိုင်တာသိလား။ ရှူးးးးးး ................."

    စကားအဆုံးမှာ လက်ညှိုးအားနှုတ်ခမ်းနားတေ့ပြီး လူယုတ်မာမျက်နှာဘေးနဲ့ ဇာတ်လိုက်မ အား ခနဲ့နေသော ရှောင်ကျန့်က ယုန်ယောင်ဆောင်ထားတဲ့ မြေခွေးပေါက်လေး။

"  နင်....နင် "

*လာလေရိုက်လိုက်စမ်းပါ ဇာတ်လိုက်မရဲ့ *

..... ဖြန်း.....

  ရှုရင် ထိတ်လန့်တုန်လှုပ်သွားပြီး ရှောင်ကျန့်ပါးကို အားပါပါနဲ့လွှဲရိုက်မိသွားသည်။ ဒါသူမ ဘဝနဲ့ လောင်းကြေးထပ်ထားရတဲ့ ကိစ္စ လေ အဲ့တာကို ဒီမလောက်လေးမလောက်စားကောင်လေးက ဘယ်လိုလုပ်သိသွားတာလဲ....မဟုတ်ဘူး။ သူနဲ့ သူ့ရဲ့ နောက်ကွယ်ကအကြောင်းတွေကို ရှောင်ကျန့်သာဖော်လိုက်ရင် သူ့ရဲ့ရည်မှန်းချက်တွေပျောက်ကုန်မှာ။.......

လူယုတ်မာ SYSTEM (Evil System)👿Donde viven las historias. Descúbrelo ahora