Arc(2.6)My Great

4.6K 382 17
                                    

     ဘုရင့်အမိန်စာဟူသော ခေါင်းစဥ်ကြီး၏ အောက်တွင် ပေါ်ထွက်လာသောအမိန်တစ်ခုကြောင့် နန်းတော်ထဲတွင် ပွက်လောရိုက်စရာ ဖြစ်သွားသည်။..............

    " အိမ်ရှေ့စံရဲ့ ကြင်ယာတော်ရွေးပွဲတောင်မပြီးသေးတာ ဘယ်လိုဖြစ်ပြီးတော်ဝင်မင်္ဂလာပွဲကိုပြင်ဆင်ခိုင်းတာလဲ??"

    " ဧကန္တ မင်းကြီး မင်က ကြင်ယာတော်တင်မြှောက်မလို့လား.?? "

    " ဟုတ်တယ် ဟုတ်တယ် အိမ်ရှေ့စံရဲ့ကြင်ရာတော်ရွေးပွဲကို ရွေ့ဆိုင်းပြီး တော်ဝင်မင်္ဂလာပွဲ ပြင်ဆင်ခိုင်းတာ ဘုရင့်ကြင်ယာတော်အသစ်တင်မြှောက်တော့မလို့ထင်တယ်???"

     " အဲ့တာဆို ကြင်ယာတော်က ဘယ်သူလဲ? "

    အိမ်ရှေ့စံ ရဲ့ကြင်ယာတော်ရွေးပွဲကိုရွေ့ဆိုင်းပြီး တော်ဝင်မင်္ဂလာပွဲကျင်းပ ရန် ဆိုသော ဘုရင့်အမိန့်စာမှာ နန်းတော်ထဲတွင် ရိုက်ခက် မှုအားပြင်းထန်သွားသည်။...........

     " ဘယ်သူ့အတွက် တော်ဝင်မင်္ဂလာပွဲလဲ" ဆိုသော မေးခွန်း က နန်းတော်ထဲရှိ လူတိုင်း၏ အတွေးတွေကိုစိုးမိုးထားသည်မှာ မလွဲဧကန်ပင်။..........

    " မင်းကြီးမင်ယွဲ့က သခင်လေးရှောင်ကို အရင်တစ်ရက်က တော်ဝင်ဥယျာဥ်ထဲမှာ လက်ဖက်ရည်သောက်ဖို့ဖိတ်တာ၊ ဘုရင့်အမျိုးအနွယ်မဟုတ်ရင် ဘယ်သူမှဝင်ခွင့်မရှိတဲ့ ဥယျာဥ်ထဲကိုလေ။ .................. "

    " ဆိုတော့,......... သခင်းလေးရှောင်က ဘုရင့်မိဖုရားဖြစ်လာမှာလား???............."

     တစ်စွန်းတစ်စထွက်ပေါ်လာသော နန်းတွင်း အပျိုတော်လေးများရဲ့ စကားသံဟာ တိုးတိုးကြိတ်ကြိတ်ဖြင့်။............ မသေချာတဲ့အကြောင်းအရာတစ်ခုကို ပေါ်တင်ပြောလို့မှမရတာကို သူတို့ခေါင်းပြတ်သွားနိုင်သည်လေ။........... ပြီးတော့ သက်ဦးစံပိုင်စနစ်အရ  ဘုရင့်ရဲ့ နှုတ်ထွက်စကားသည်သာ အမိန့်ဖြစ်သည်လေ။.......ဘယ်လိုလုပ်ဘုရင် ကိုအထွန့်တတ်ရဲ့ပါ့မလဲ။...........

    " အမိန့်ရဲ့နောက်ကွယ်ကရော ဘယ်သူရှိတာလဲ????............. "

လူယုတ်မာ SYSTEM (Evil System)👿Where stories live. Discover now