" ယုန်ပေါက်..............ယုန်ပေါက်လေး..........ထတော့လေ "
စောင်ပုံထဲက အဖြူရောင် ယုန်ပေါက်လေးက ဖြူဖျော့စွာ နားရွက်ဖျားလေးတွေ ရဲလျှက်။ ............
" အင်း........... ခဏနေရင်ထမယ် နော်....."
အိပ်ပုပ်ကြီး တဲ့ ယုန်ပေါက်လေးက တစ်ကြိမ် နှိုးယုံဖြင့် မထပါ။
* ......... ညက သူတို့တော်တော် ခရီးရောက်ခဲ့တာဘဲ *
စောင်လွတ်သည့် နေရာမှ တစ်စွန်းတစ်စပေါ်နေသည့် အနီရောင်အမှတ်အသားတစ်ချို့က ၀မ်ရိပေါ်ရဲ့ စိတ်ရိုင်းတစ်ချို့ကို နိုးထစေသည်။.............
*ဟူး.......စိတ်ထိန်းစမ်း ရိပေါ် !*
တည်ငြိမ်လွန်းသည် ၀မ်စစ်သူကြီးက ရှောင်ကျန်နှင့် ပတ်သက်လျှင်တော့ ထိုတည်ငြမ်မှုတွေက ကြက်ပျောက်ငှက်ပျောက်ဖြင့် ပိန်းကြာရွက်ပေါ်ရေမတင်သလိုပင်။.........
"ညီလာခံသွားရဦးမယ်လေ ကလေး............"
" အမ် ဟုတ်သားဘဲ ! အ့ "
အလောတစ်ကြီးထတဲ့ ယုန်ပေါက်လေးက ညက အဖြစ်အပျက်ကိုသတိရဟန်မပေါ်။ ...........
" ဖြည်းဖြည်း ထ ကလေး၊ ကိုယ် ရေနွေးစပ်ပေးထားတယ် ။ ရေချိုးရအောင် ........"
စကားမပြောဘဲ လက်နှစ်ဖက်ကို ဆန့်ပေးတဲ့ယုန်ပေါက်လေးက သူကိုချီခိုင်းတာပင်။..........
ရေချိုးပေးမည် ဆိုတော့လည်း ယုန်ပေါက်ဟာ လက်မခံပေ။ အရှက်သည်းလွန်းသည့် ယုန်ပေါက်လေးက ယုန်နီလေး အသွင်ပြောင်းသွားသည်။..........
--------------------------------------------------------------------အိမ်ရှေ့စံမင်းသား ဦးဆောင်သည့် ညီလာခံဟာ ရှောင်ကျန့်တို့ဘက်မှတင်သွင်းသည့် အထိန်တော်နဲ့ သက်သေတစ်ချို့ကြောင့် မြောက်ပိုင်း အမတ်တစ်ချို့ဟာ နယ်နှင်ဒဏ်ကျမှတ်ခံ လိုက်ရသည်။
ကြင်ယာတော်ရွေးပွဲမှာ အာဏာအလွဲသုံးစား လုပ်မှုအပြင်၊ လူသတ်ရန်ကြံစည်မှု၊ နှင့် ဘုရင့်ဘဏ္ဍာအလွဲစားလုပ်မှုကြောင့် လျန်အော်ချင်း နှင့် မြောက်ပိုင်းအမတ်ချုပ်ကြီးတို့ဟာ သေဒဏ်ချမှတ်ခံရသည်။........
ESTÁS LEYENDO
လူယုတ်မာ SYSTEM (Evil System)👿
FanficSystem: :hostက ယုတ်မာလိုက်တာ၊ လူယုတ်မာ host ÷_÷ Host : :မင်းတို့ SYSTEM ယုတ်မာလို့ ငါလဲ လိုက်ယုတ်မာ ရတာလေ၊ လူယုတ်မာ SYSTEM :)) - - -This's my first system fic. - - - - So I apologize if something went wrong. 🙏💙 #Viridian Thoon ♡ System: :hostက ယုတ...