system zone

5.2K 412 51
                                    


နှစ်ပေါင်း ၃၀ ကြာပြီးနောက် ..........

" Bae ထတော့လေ .......... မောင်နဲ့ ဒီနေ့အပြင်သွားမယ်ဆို ........"

  စောင်ပုံထဲမှာနှစ်မြုပ်နေတဲ့ ယုန်ငယ်လေးရဲ့ မျက်လုံးမဖွင့်ဘဲ လက်ငါးချောင်းထောင်ပြတဲ့ပုံက အသားယားစဖွယ်။..........

" မထဘူးလား bae ........မောင် တကယ်မထနိုင်အောင် လုပ်လိုက်ရမလား ? ....."

   ဆယ်စုနှစ်ကျော်အထိ အတူနေခဲ့အချိန် တစ်လျှောက် မနက်အိပ်ရာ ထခါနီတိုင်း ........... ယုန်ပေါက်လေးအား ချိန်းခြောက်ကာ နိုးရသည့် စကားလုံးဟာလဲ မပြောင်းလဲပါ။

"ထပြီ ထပြီ ............ ဟွန့်! တကယ်ဘဲ အိပ်ရေး ဝဝလဲ မအိပ်ရဘူး......."

   ရှောင်ကျန့်ရဲ့ ဆူဆူပုတ်ပုတ်ပြန်ပြောတဲ့ စကားသံဟာ........... ရိပေါ်ရဲ့ မနက်ခင်းတိုင်းအတွက် အလှပဆုံး တေးသီချင်း တစ်ပုဒ်ပင်။

"မောင်က bae လေးသွားချင်တဲ့နေရာ လိုက်ပို့မလို့ကို။ ................
ရတယ်လေ! ကလေးက မသွားချင်လဲ......."

" ဟာ.......ခင်ဗျားကြီး သွားပါမယ်ဆို......... အခုထပြီလို့........"

"Ok ပါဗျာ။. မောင့် အတွက် morning kiss လေး "

   မနက်ခင်းတိုင် morning kiss တောင်းတတ်တဲ့ မောင်က ခက်ထန်တဲ့ CEO တစ်ယောက်ရဲ့ပုံစံပျောက်ကာ ချစ်စရာ ကလေးလေးတစ်ယောက်နဲ့တူသည်။........

°ပြွတ်........ပြွတ် ......°

" အ့ ! တော်တော့မောင် !! Morning exercise ဖြစ်တော့မယ်........"

    ရိပေါ်ကို တွန်းထုတ်၍ အိပ်ရာပေါ်က ကုန်းရုံးထကာ ရေချိုးခန်းထဲ ပြေးဝင်သွားတဲ့ ကလေးက မျက်နှာလေး ရဲလို့။.......... နှစ်ပေါင်း ၃၀ ကြာ အတူနေခဲ့တာတောင် အခုထိ ရှက်နေတဲ့ ယုန်ပေါက်လေး ၊.....အဲ.....ယုန်နီလေးလို့ ပြောရင် ပိုမှန်မယ်....... ထိုယုန်နီလေးက ရိပေါ် အတွက် ထာရမပြောင်းလဲတဲ့ ရတနာလေးပင်.။..........

[ Hello host ]

*အမလေး! ဇဘ! လန့်လိုက်တာ ရှောင်လင်ရယ် မပြောမဆိုနဲ့ ဘာကိစ္စရှိလို့လဲ..........*

လူယုတ်မာ SYSTEM (Evil System)👿Onde histórias criam vida. Descubra agora