Arc(2.7)My Great

4.5K 417 34
                                    

     တစ်ပတ်လောက်ကြာရှည်တဲ့ ခရီးရှည်တစ်ခုကို နှစ်ရက်ထဲနဲ့ ရောက်အောင် ပြန်လာတဲ့ စစ်သူကြီးဟာ သိပ်ကိုအလျှင်လိုနေသလို။ .............. စစ်ပွဲ ပြီးပြီးခြင်း ရုပ်ဖျက် ကာ နန်းမြို့တော်သို့ အလျင်အမြန်ပြန်လာတဲ့စစ်သူကြီးက တစ်ခုခုတော့ တစ်ခု ခု ဘဲ။........... သူ့ရဲ့သွေးသောက်တပ်သားတွေကိုတောင် မစောင့်ဘဲ သူအရင်ဆုံးပြန်လာခဲ့သည်လေ။............

   နန်းမြို့တော်ကိုတွေ့ရမှ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းအရှည်ကြီး တစ်ခု ချကာ ............

" ယွမ် ! မြို့စျေးထဲကို အရင်သွားကြမယ်. "

" ဟုတ်ကဲ့ သခင် "

      လူ သူ ထူထပ်သိပ်သည်းတဲ့မြို့စျေးထဲမှာ ဝမ်ရိပေါ်ဟာ လူတိုင်းငေးမောစရာ အရပ်ကြီး နဲ့ စူးရှတဲ့viridian ရောင်မျက်ဝန်းတစ်စုံ ကိုပါ ပိုင်ဆိုင်ထားလေသည်။ ရင်အုပ်အကျယ်ကြီးတွေနဲ့ body တောင့်တောင့်ဖြောင့်ဖြောင့် ကြီးတွေ က မြင်ရသူတိုင်းအတွက်မနာလိုစရာ။..........
အမြဲတမ်း စစ်မြေပြင်မှာဘဲနေခဲ့တဲ့ ဝမ်စစ်သူကြီးကို ပြည်သူတွေမမြင်ဖူးတာ သိပ်မဆန်းပါလေ။.............

    လူတိုင်းရဲ့ အာရုံကိုဖမ်းစားထားသည့် ဝမ်စစ်သူကြီးဟာ ဘယ်နေရာကိုများဦးတည်သွားတာပါလိမ့်။..................

   ယုန်ပေါက်စ လေးတွေကို လှောင်အိမ်အသေးလေးထဲထည့်ကာ ရောင်းနေတဲ့ဆိုင်အရှေ့ရောက်တော့ ထိုသူဟာ ရုတ်တရက် ရပ်သွားပြီး..............သူ့ရဲ့စူးရဲလှတဲ့မျက်ဝန်းလေးတွေဟာ အရောင်တစ်မျိုးဖြတ်ပြေးကာ........ ယုန်လေးတွေကို ပွေ့ကိုင်လိုက်သည်။........နူးညံ့ငြင်သာမှုအပြည့်ဖြင့်။ ........

     ယွမ် ရဲ့ ပါးစပ်ပိတ် စရာမလိုအောင် အံ့သြမှုတွေကို ဝမ်သခင်ဟာ တစ်ခုချင်းလုပ်ပြသွားသည်။...................

    ပထမ က စစ်ပွဲတွေကို နှစ်သက်လှတဲ့ ဝမ်စစ်သူကြီးဟာ စစ်ပွဲပြီးပြီးချင်း နယ်မြေထပ်မချဲ့တော့ဘဲ မြို့တော်ကိုတန်းပြန်လာတယ်။ .......... သူ့ရုပ်ကအမြဲတည်ပြီး လှုပ်ရှားဟန်တွေက မပျက်ယွင်းပေမယ့် အပါးတော်မြဲအဖြစ် သူ့အနားမှာ နေရတဲ့ ယွမ်အတွက်တော့ အံ့သြစရာ သူ့ရဲ့အလျှင်လိုဟန်တွေကို သတိထားမိပါရဲ့၊...............

လူယုတ်မာ SYSTEM (Evil System)👿Where stories live. Discover now