ခေါက်ဆွဲပြုတ်ဆိုပြီး တဂျီဂျီပူဆာနေတဲ့ အငယ်ကောင်ကို ကျွန်မကြည့်မရတော့ဘူး။ ဒီနေ့မှ အိမ်မှာခေါက်ဆွဲကုန်သွားတာ။ မီးဖိုခန်းထဲမှာ ထမင်းတွေ၊ဟင်းတွေ
အများကြီးရှိပါလျက် ခေါက်ဆွဲထုပ်ဝယ်ပေးဖို့ ပူဆာနေပုံက သူ့မျက်နှာမြင်ရုံနဲ့တင် လောကကြီးကို စိတ်ကုန်လောက်မယ်။ အသက်၁၂နှစ်အရွယ်ကလေးတစ်ယောက်က အဲ့သလောက်အသည်းအသန်ကြီး လိုချင်တာပူဆာလို့ရသေးတာလား။ပြီးတော့ ဘာလို့ကျွန်မကို ထွက်ဝယ်ခိုင်းနေရတာလဲ။ အဖေနဲ့အမေ့ကိုကျပြန်တော့လည်း အပြင်မထွက်စေချင်တော့ဘူး။ ညပိုင်းမှာ နားနားနေနေရှိစေချင်တာမို့။ ဒီတော့ ကျွန်မပဲထွက်ဝယ်ပေးရတော့မယ်။ အဲ့ဒီအငယ်ကောင်က သူ့သူငယ်ချင်းတွေအိမ်ကိုသာ သွားလည်ပြီး မျောက်ရှုံးအောင် ဆော့နေရရင် မိုးချုပ်သော၊ဘာသော နားမလည်ဘူး။ အခုကျမှ ဟိုဟာကြောက်သလေး၊ဒီဟာကြောက်သလေးနဲ့ မြင်မကောင်းအောင် အသည်းငယ်ပြနေတာ!
ကျွန်မကလည်း အရင်ရက်တွေဆို ထွက်ဝယ်ပေးလို့ ဖြစ်ပါတယ်။ အိမ်ထဲကနေ က,ပြီးတော့တောင် အပြင်ထွက်ဦးမယ်။ အခုက မနက်ဖြန် group presentationရှိနေလို့ power pointပြင်ရမှာပါဆိုနေ။ စာတကယ်လုပ်ပြီဆို အဖျက်ကအလိုလိုပေါ်ပြီ။
"သမီးကြီးရယ် သွားဝယ်ပေးလိုက်ပါ.. လာလာ အဖေ့ဆီမှာ ပိုက်ဆံယူလာ.. သမီးဖို့ရော မုန့်ဖိုးယူ"
မိဘဆီကမုန့်ဖိုးရရင်တော့ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ကျွန်မတို့တွေ ပျော်ကြတာချည့်ပဲ။ ကျွန်မလည်း 'ကျွန်မအတွက်မုန့်ဖိုး 'ဆိုတဲ့ အသံကြားတာနဲ့ တီဗွီကြည့်နေတဲ့အဖေနဲ့အမေ့ဆီ ဝုန်းထနဲရောက်သွားတယ်။
"ပေး သမီးကို ပိုက်ဆံ"
အဖေ့ဆီကပိုက်ဆံယူပြီးတာနဲ့ အိမ်ထဲကနေ ချက်ချင်းထွက်ခဲ့လိုက်တယ်။
"နင် ကြပ်ကြပ်သတိထား"
ဝမ်းသာလုံးကြွနေတဲ့ အငယ်ကောင်မျက်နှာကို တည့်တည့်ကြည့်ပြီး အမေတို့မကြားအောင် တိုးတိုးလေး ကြုံးဝါးထားခဲ့လိုက်တယ်။ ကျွန်မထက် ဆယ်နှစ်တောင်ငယ်တဲ့ ကောင်စုတ်က လျှာပြန်ထုတ်ပြလာတယ်။ ဒါမျိုးကျ ကျွန်မသည်းမခံနိုင်ဘူး။
YOU ARE READING
The Last Grab ( Lee HeeSeung × OC )
FanfictionCigarettes Guitar Bike Ride Ice-cream & Those Hands. .