ကျောင်းကားက လမ်းသင့်ရာမှာ လူစုပြီးချပေးခဲ့တော့ အဲ့နားက အတန်းခေါင်းဆောင်ရဲ့အိမ်နဲ့နီးနေတယ်။ ကျွန်မတို့ရပ်ကွက်နဲ့ အရမ်းမနီးပေမဲ့ ဝေးလည်းမဝေးလှတာကြောင့် အတန်းခေါင်းဆောင်က တစ်ခါတည်းလိုက်ပို့ပေးမယ်ဆိုပြီး သူ့အိမ်က ဆိုင်ကယ်ထုတ်လာတယ်။ အိမ်ကိုလည်း ကျွန်မဖုန်းလှမ်းမဆက်လိုက်တော့ဘူး။ လိုက်ပို့မယ့်သူရှိနေတာရယ်၊ ဒီအချိန်အိမ်မှာ ဘယ်သူမှမရှိနေလောက်မှာရယ်၊ ကျွန်မဖုန်းအား ကုန်နေတာရယ်ကြောင့်ပဲ။
ကျွန်မလည်း ကျောပိုးအိတ်နဲ့ drawing tubeကိုလွယ်ပြီး တခြားပစ္စည်းပစ္စယတွေကို ရင်ဘတ်မှာပိုက်ရင်း အတန်းခေါင်းဆောင်ရဲ့ဆိုင်ကယ်နောက်ကနေ ငိုက်မျဉ်းလာလိုက်တယ်။ အဆောက်အဦးတွေကို လှည့်ပတ်ကြည့်လိုက်ရ၊ နေ့မနားညမအား ပုံတွေအားချင်းဆွဲရ ၊တွက်ချက်ရနဲ့ ကျွန်မ ပင်ပန်းနေပြီပေါ့ ဘာပြောကောင်းမလဲ။ ဒီကြားထဲ ခရီးပန်းတာကလည်း အဆစ်ပါနေသေးတယ်။
တဖြည်းဖြည်းနဲ့ ကျွန်မတို့လမ်းဖက်ကို ဆိုင်ကယ်လေးက တရိပ်ရိပ်နဲ့ ရောက်လာပြီ။ ငိုက်နေတယ်ဆိုပေမဲ့ ဒီတိုင်းပဲ အတန်းခေါင်းဆောင်ရဲ့ ကျောပေါ်ခေါင်းငိုက်ပြီး မှီလာရုံလောက်ပါပဲ။
ဒီလိုနဲ့ ချယ်ရီပင်တန်းနားကိုရောက်တော့ ကျွန်မ ဟီဆွန်းကိုတွေးမိပြီး အလိုအလျောက်ပြုံးမိသွားတယ်။ သူ့အကြောင်းတွေးလိုက်ရရင် စိတ်တွေပါ လတ်ဆတ်လာသလိုပါပဲ။
ဒီလိုနဲ့ သူနဲ့ကျွန်မထိုင်နေကျ ခုံကို ရောက်တော့မှာမို့ ရင်တောင်ခုန်လာမိတယ်။ သူဈေးပဲရောင်းနေမလား၊ ဒါမှမဟုတ် မျက်နှာချင်းဆိုင်က ချယ်ရီပင်အောက်မှာ ထိုင်နေလေမလား။ မပြောမဆိုပျောက်သွားတဲ့ကျွန်မကို စိတ်ပဲပူနေမလား။ အခုနေ တွေ့ကြရင် သူ့ကို ဆိုင်ကယ်ပေါ်ကနေ လှမ်းအော်နှုတ်ဆက်လိုက်ရမလား။ ဒါမှမဟုတ် မမြင်ချင်ယောင်ပဲဆောင်ပြီး ခေါင်းကိုဆက်ငိုက်သွားရမှာလား။
လက်ဖျားတွေတောင်အေးလာတယ်။ ကျွန်မခေါင်းထဲမှာ ငါဘယ်လို လှမ်းနှုတ်ဆက်ရပါ့မလဲဆိုတဲ့ အတွေးက ချာလည်ရိုက်နေလေရဲ့။ လူကသာ အသေကောင်လို တောင့်တောင့်ကြီး ထိုင်နေပေမဲ့ ကျွန်မစိတ်က လှုပ်ရှားနေတာများ လျှပ်စီးလက်တာကတောင် နှေးဦးမယ်ထင်တယ်။
YOU ARE READING
The Last Grab ( Lee HeeSeung × OC )
أدب الهواةCigarettes Guitar Bike Ride Ice-cream & Those Hands. .