5

494 66 0
                                    

ကိုယ့်အချင်းချင်းကိုတောင် နည်းနည်းပါးပါးအသိမပေးဘဲ ကိုယ့်သူငယ်ချင်းက ရည်းစားရနေတဲ့ကိစ္စကို ကျွန်မစိတ်ဆိုးတာ မမှားဘူးမလား။

ကျန်နေခဲ့တဲ့တစ်ယောက်ကတော့ ကျွန်မကိုနှစ်သိမ့်ပြီးစကားတွေပြောနေခဲ့လေရဲ့။ ကျွန်မကတော့ "ငါတို့တွဲနေတာတစ်လလောက် ရှိပြီဟ"ဆိုပြီး မျက်နှာငယ်လေးနဲ့လုပ်နေတဲ့မိန်းမကို ကုတ်ဖဲ့ပစ်ချင်တာပဲ။ ဘာရယ်လည်းမဟုတ်ပါဘူး။ ကျွန်မတို့က နံဘေးကနေ ကူကြည့်ပြီးသင့်တော်၏မတော်၏ တိုက်တွန်းတန်တိုက်တွန်း၊ တားတန်တားဖို့ စိတ်ပူတာပါ။

စိတ်ဆိုးတယ်ဆိုပေမဲ့ အကြီးအကျယ်လည်းမဟုတ်ပါဘူး။ အရင်လိုပဲ အတန်းထဲမှာ သုံးယောက်တွဲထိုင်ရင်း ပျင်းရိလိမ်ခွေနေကြတုန်းပဲ။ အဲ.. ဟိုမိန်းမတစ်ယောက်ကတော့ သူ့ကောင်လေးနဲ့ ခိုးပြီးchattingဝင်နေပြီပေါ့.. ဒါကြောင့်အရင်နေ့တွေ တစ်ယောက်တည်းဖုန်းသုံးလှချည့်လားလို့ တွေးနေမိသေးတာ။

ဆရာက မျက်မှန်ကြီးဝင့်ကာဝင့်ကာနဲ့ စာသင်နေလေရဲ့။ အကြည့်ချင်းဆုံလိုက်တာနဲ့ စာအမေးသန်လွန်းတဲ့ဆရာ့ကို စာတော်တဲ့၊စာလုပ်တဲ့ ကျောင်းသားတချို့ကလွဲရင် ကျွန်မတို့လို ရေလိုက်ငါးလိုက်ပဲ ပေါ့ပေါ့တန်တန်နေတဲ့ကျောင်းသားတွေက အတန်းထဲဆို အတတ်နိုင်ဆုံး အကြည့်ချင်းမဆုံအောင်နေတယ်။

အပြင်ကိုထွက်ချင်လာတာနဲ့ အကြောင်းပြချက်ရှာမိတယ်။ တက္ကသိုလ်ဆိုပေမဲ့ သိပ်ပြီးလွှတ်မပေးချင်တဲ့ဆရာက ဟိုဟိုဒီဒီအကြောင်းပြချက်တွေ သိပ်လက်ခံတာမဟုတ်ဘူး။

ဆရာ့ဆီက ခွင့်တောင်းရအောင်ကလည်း ကိုယ်က "ဆရာ"လို့ပဲ အစပျိုးတုန်း စာတွေကောက်ကာငင်ကာ ထထမေးတတ်လွန်းလို့။ အဲ့အချိန်မှာ ဆရာ့ဆီဖုန်းတစ်ကောလ်ဝင်လာပြီး ဆရာကသူ့အိတ်သူဆွဲလို့ အတန်းကိုအမြန်အဆုံးသတ်လိုက်ပြီး ထွက်သွားလေရေဲ့။

အခုမှပဲလွတ်လပ်ရေးရသလို ခံစားချက်နဲ့ ဝူးခနဲ လေပူတွေကိုအားပါးတရမှုတ်ထုတ်လိုက်တယ်။ နောက်ဆရာတစ်ယောက်ဝင်မလာခင်အထိ မိနစ်နှစ်ဆယ်လောက် အသက်ရှူချောင်နိုင်သေးတယ်လေ။

The Last Grab ( Lee HeeSeung × OC ) Where stories live. Discover now