ရပ်ကွက်ထဲမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်အိမ်ကနေ ဂစ်တာလေးထမ်းပြီး အေးအေးသက်သာလမ်းလျှောက်ပြန်ခဲ့လိုက်တယ်။ တစ်ယောက်တည်းပြန်မယ်ပြောပေမဲ့ ညဘက်မို့ အဆင်မပြေပါဘူးဆိုပြီး သူငယ်ချင်းက ကျွန်မတို့ အိမ်ဖက်ကိုလိုက်ပို့ဖို့ သူပါလမ်းအတူလျှောက်လာတယ်။
သူနဲ့လည်း အထက်တန်းတုန်းကအတူတူပဲ။
ကောလိပ်တက်တဲ့အချိန်မှ လူကွဲသွားတာ။ ဒါပေမဲ့ အားရင်အားသလိုတော့ သူ့ဆီသွားလည်ဖြစ်တယ်။ သူနဲ့ ကျွန်မဆုံရင် ဂစ်တာတီးနေကျ။ အရမ်းမကျွမ်းကျင်သေးတဲ့ကျွန်မကို သူက အမြဲသင်ပေးနေကျ။နှစ်ယောက်သား စကားတွေဖောင်ဖွဲ့ကြပြီး သူက သူ့ကျောင်းမှာ ဂျူနီယာညီမလေးတွေက သူ့ကိုသည်းသည်းလှုပ်နေကြောင်း လာလာကြွားတယ်။ ကျွန်မကလည်း အားကျမခံပါပဲ။ ဖရက်ရှာအချောလေးတွေနဲ့ တရုန်းရုန်းပဲလို့ ပြန်ချေပပြီး ရယ်လာကြတယ်။ တစ်လမ်းလုံးမှာကျွန်မတို့နှစ်ယောက်ပဲ အသက်ရှိနေကြသလိုမျိုး။
"ဂစ်တာ ငါသယ်ပေးမယ်"
"တော်စမ်းပါ.. လှည့်ပြန်တော့ အိမ်နဲ့နီးနေပြီပဲ ငါတို့လမ်းဖက်ရောက်နေပြီ"
"ဟုတ်ပြီ သေချာပြန် "
စိတ်ပူစရာသိပ်မရှိတဲ့ ရပ်ကွက်ထဲ ညပိုင်းကိုလည်း အေးဆေးသွားနိုင်ပါတယ်။ ကျွန်မအဖို့တော့ အေးဆေး။
စတိုးဆိုင်ထဲလှမ်းကြည့်တော့ ဟိုအရင်ရောင်းနေကျအစ်ကိုကြီးပဲ ကောင်တာပြန်ထိုင်နေတယ်။ ဟီဆွန်းက ဒီနေ့တော့အလုပ်မဆင်းဘူးထင်ပါရဲ့။
နေပါဦး!! အလုပ်ထွက်သွားတာဆိုရင်ရော...။"ကျွတ်စ်! ခက်လိုက်တာ"
စိတ်ပေါက်ပေါက်နဲ့ လမ်းတစ်ဖက်က ဆိုင်မျက်နှာချင်းဆိုင်နားက ချယ်ရီပင်အောက်ဝင်ထိုင်လိုက်တယ်။
"ဘယ်ကပြန်လာတာလဲ"
"အမလေး!"
အပင်ကွယ်ကနေ သရဲတစ္ဆေလို ဝုန်းဒိုင်းထွက်လာရင်း ရုတ်တရက်ကြီးစကားပြောသံကြောင့် လန့်ဖျပ်ပြီးဂစ်တာနဲ့ လွှဲမရိုက်မိတာ ကံကောင်း။
ဘယ်သူများလဲလို့ ကြည့်လိုက်တော့ ဟီဆွန်း။
YOU ARE READING
The Last Grab ( Lee HeeSeung × OC )
FanfictionCigarettes Guitar Bike Ride Ice-cream & Those Hands. .