10

493 63 0
                                    

မစိုမခြောက်ဆံပင်တွေက ကျွန်မလမ်းလျှောက်လိုက်တိုင်း ပုခုံးပေါ်မှာပဲ ကခုန်နေကြတယ်။ အရင်လို ကျောလယ်ကျော်ကျော်ထိ မရှိတော့ဘူး။ Wolf-cutဆံပင်စတိုင်လ်နဲ့ ကျွန်မမျက်နှာက တကယ်လိုက်ဖက်တယ်လို့ ထင်တယ်။ မှန်ထဲမှာ အခုတစ်ခေါက်ပြန်ထိုင်လိုက်တော့ စောစောကထက်နှစ်ဆလောက်များ ပိုနုသွားသလားလို့။ ဂျောင်ဘာရမ်အသစ်လေးများ ရောက်လာသလားလို့လေ အဟင်း။

အဖေကလည်း ရုံးကနေပြန်ရောက်ပြီး သူ့ဘာသူနားနေသလို အမေနဲ့အငယ်ကောင်လည်း ဈေးတန်းပတ်နေရာကနေ ပြန်ရောက်ပြီး သူတို့ဘာသူတို့ အလုပ်ရှုပ်နေကြတယ်။ ကျွန်မအိမ်ရှေ့ခန်းကိုထွက်တော့ အဖေကတော့ အနားယူခိုင်းလေရဲ့။

"ဟ ဆံပင်ညှပ်ပစ်တာလား ဖေ့သမီးက"

"ဟုတ် ငြီးစီစီဖြစ်လာလို့.. လူလည်းပေါ့ပါးသွားအောင်ညှပ်ကြည့်တာ"

"ဘယ်လိုနေနေလှတယ်ဟေ့ ငါ့သမီးက"

ဇွတ်ချီးကျူးနေတဲ့အဖေ့ကို နှာခေါင်းပဲရှုံ့ပြလိုက်တယ်။

"ဘာရမ်ရေ.. အပြင်သွားမယ်ဆို ကွတ်ကီးဝယ်ခဲ့စမ်းပါဦး"
မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ အမေက ကျွန်မကိုလှမ်းအော်ပြောလာတယ်။
အမှန်က ကျွန်မ လောလောဆယ်ဘာလုပ်ရမလဲဆိုတာတောင် မသိဘူး။ ဟီဆွန်းဆီကို တေ့တေ့ဆိုင်ဆိုင်သွားတွေ့ချင်ပေမဲ့ သွားလည်းမသွားချင်ဘူး။ ဒီတော့ အမေဝယ်ခိုင်းတဲ့ကွတ်ကီးထုပ်ကိုပဲ ဆင်ခြေအနေနဲ့သုံးရတော့မယ်။
ဟုတ်တယ်.. ကျွန်မ အမေဈေးဝယ်ခိုင်းလို့ အဲ့ဒီစတိုးဆိုင်ကို သွားရမှာ။

အိမ်ပြင်ဖက်ဆီထွက်လာခဲ့လိုက်ချိန် အငယ်ကောင်က သူ့အတွက် ရေခဲမုန့်မှာနေသေးတယ်။
အဲ့ဒီကောင်ကလည်း ဘယ်နေ့မှ သူစားချင်တာကို သူ့ဘာသူထွက်ဝယ်မှာတဲ့လဲ။

-----

ဆိုင်အပြင်ကနေ တစွန်းတစလှမ်းမြင်နေရတဲ့ အီဟီဆွန်းကိုကြည့်ပြီး ကျွန်မ ငိုချင်လာတယ်။
ညနေစောင်းမို့ နေရောင်ဝါဖျော့ဖျော့လေးဟပ်နေတဲ့၊ ဆိုင်ထဲကသူ့ပုံရိပ်လေးက တကယ်ကြည့်ကောင်းတာ။ ဝင်ချည်ထွက်ချည်နဲ့ အလုပ်ရှုပ်နေကြတဲ့ ဈေးဝယ်သူတွေကြားမှာ သူကတော့ ပြုံးပြဖို့အလုပ်ရှုပ်မနေခဲ့ဘူး။ ကျွန်မစပြီး သဘောကျခဲ့ရတာလည်း အဲ့ဒီအပြုံးလေးတွေပါပဲ။ ကျွန်မလိုမျိုး ရပ်ကွက်ထဲက တခြားသောကောင်မလေးတွေလည်း ဈေးလာဝယ်ရင်း သူ့အပြုံးမှာ ကြွေကျကုန်တာ ဘယ်နှယောက်လောက်ရှိနေပြီလဲ။

The Last Grab ( Lee HeeSeung × OC ) Where stories live. Discover now