F I N A L

986 85 24
                                    

ကျွန်မ ဘာပြန်ဖြေရမလဲမသိလို့ ကျွန်မရှေ့မှာရပ်နေတဲ့ ဟီဆွန်းမျက်နှာကိုပဲ ဇက်ညောင်းမတတ် မော့ကြည့်နေလိုက်တယ်။

'ဒေါသထွက်နေတာတောင် ကြည့်ကောင်းနေတဲ့ ငါ့ကလေးလေးပါပဲ'

အော်လိုက်တာ လူကလန့်ဖျပ်ပြီး တုန်သွားပေမဲ့ အဲ့လိုအော်တာကိုပဲ ထပ်ပြီးကြွေဆင်းနေမိသေးတာ။ မိမိုက်နေမှုကြီးလေနော်။
အပြင်မှာတော့ ကျွန်မဘာမှထုတ်မပြောနိုင်တော့ဘူး။ ပင်ပန်းနေတာလေ စိတ်ရောလူရော။

ဒါ တကယ်ရောဂါပါ။ အချစ်ဆိုတာ ဟိုးကတည်းကပေါ်ခဲ့ပြီး အခုထိဆေးရှာမတွေ့တဲ့ရောဂါပါပဲ။ တစ်ယောက်ယောက်ကို ချစ်မိနေရင် အဲ့တာက တကယ်ကုသဖို့အခက်ခဲဆုံးပဲ။

မျက်နှာသေနဲ့မော့ကြည့်နေတဲ့ ကျွန်မကို ဟီဆွန်းကလည်း အပြန်အလှန် အကြာကြီးစိုက်ကြည့်နေတယ်။ ပြီးတော့ သက်ပြင်းတစ်ချက်ချသံကို ကျွန်မပီပီသသကြီး ကြားလိုက်ရတယ်။

"ဘာဖြစ်တာလဲ"
လေသံက ခုနကအော်သံနဲ့ ငါးဆ,လောက်ဆန့်ကျင်ခြားနားပြီး နူးညံ့သွားလိုက်တာ။ တတ်လည်းတတ်နိုင်ပါရဲ့။

ကျွန်မအနေနဲ့ အဲ့မေးခွန်းကိုလည်း မဖြေချင်ဘူး။
'ဘာမှမဖြစ်ဘူး'လို့ ညာရမှာလား။ 'မဖြေချင်ဘူး'လို့ပဲ တည့်တိုးပြောရမလား..
ပြီးတော့ ဒီဆက်ဆံရေးက ဘာလဲ။ ကျွန်မ မသိချင်ဘူး။ တစ်ဖက်မှာလည်း အသည်းအသန်အပြတ်အသတ် တစ်ခုခုကို သိချင်နေပြန်ရော။ သူနဲ့ကျွန်မက တကယ်တမ်းကျ ဘာတွေမှမဟုတ်ဘူးဆိုတာ သူရော ကျွန်မရော သိနေပါလျက်နဲ့လေ။

ရှေ့မှာရပ်နေတဲ့ဟီဆွန်းက ရုတ်တရက် ခါးကိုင်းလာပြီး ကျွန်မပုခုံးနှစ်ဖက်ပေါ်  သူ့လက်ဖဝါးတွေတင်လာတယ်။

"ပိုင်စိုးပိုင်နင်းနဲ့"

အကျအနဆွေးနွေးကြဖို့ အားကုန်နေပေမဲ့ သူ့ကို ရန်တွေ့ဖို့တော့ အကင်းလေးကျန်နေခဲ့ပုံပဲ ကျွန်မဆီမှာ။

"အင်း ပိုင်စိုးပိုင်နင်းနဲ့"

မုန်းလိုက်တာ။ ငယ်ငယ်တုန်းက ကလေးတွေစိတ်ဆိုးလို့ပြောရင် လူကြီးတွေက နောက်ကနေ ကလေးရဲ့စကားကို သံယောင်လိုက်ပြီး ပြောကြသလိုလေသံနဲ့ လိုက်ပြောနေတာ။ ကျွန်မမျက်နှာကို ပိုပြီးတည်တင်းပစ်လိုက်တယ်။

The Last Grab ( Lee HeeSeung × OC ) Where stories live. Discover now