8

410 57 3
                                    

ဟီဆွန်းရော ကျွန်မရော တစ်ယောက်အချိန်ကို တစ်ယောက်က အတူကုန်ဆုံးမိနေတာ အကျင့်တစ်ခုလိုဖြစ်နေကြပြီထင်တယ်။

ညညဆို ကျွန်မက အကြောင်းပြချက်မျိုးစုံနဲ့ အိမ်ကနေအပြင်ထွက်ပြီး ဂစ်တာတစ်လက်နဲ့ မယောင်မလည်လမ်းသလားတယ်။ လူနည်းနည်းရှင်းပြီဆို မက်မွန်ပင်အောက်မှာ ကျွန်မတီးသမျှသီချင်းတွေ သူက ထိုင်နားထောင်တတ်တယ်။ တစ်ခါတစ်လေ သူနဲ့ကျွန်မ သိတဲ့၊ အလွတ်ရကြတဲ့သီချင်းတွေတီးရင်း၊ စာသားတွေ အတူသီဆိုကြရင်း။ တစ်ခါတစ်လေတော့လည်း ကျွန်မတစ်ယောက်တည်းပဲသိတဲ့သီချင်းတွေပေါ့။

ကျွန်မက ညနေပိုင်းတွေဆို မြင်ပြင်းကပ်လှတဲ့ စက်ဘီးကို ထုတ်ထုတ်စီးမိနေပြီး ဟီဆွန်းက အမြဲအနောက်မှာ လိုက်ပြီး စီးနေကျ။ ကျွန်မ ဆေးလိပ်လည်း မသောက်ဖြစ်တော့ဘူး။ စိတ်မရှည်သလိုပြုမူနေပေမဲ့ ကျွန်မတကယ်စိတ်မဆိုးတာသိတဲ့ ဟီဆွန်းက အသေးအမွှားတွေကအစ အရမ်းဒုက္ခပေးလွန်းတယ်။

စက်ဘီးမစီးဖြစ်လို့ တစ်ခါတစ်လေ အေးအေးလူလူလမ်းအတူလျှောက်ဖြစ်တဲ့အခါဆို အလုပ်တွေကျွမ်းကျင်တဲ့ စတိုးဆိုင်ဝန်ထမ်းက သူအမြဲယူလာနေကျ Lollipopတစ်လုံးကို အခွံမနွှာတတ်တော့ဘူး။

လက်ထဲမှာစာအုပ်ပါးလေးနှစ်အုပ်ကိုင်ထားပြီး လျှောက်လာတုန်းကဆို ကျွန်မကိုမြင်တာနဲ့ "ကျွန်တော်မနိုင်လို့ တစ်အုပ်ကူသယ်ပေး"လို့ ပိုင်စိုးပိုင်နင်း ခိုင်းတတ်သေးတယ်။

ကျွန်မ စာမေးပွဲဖြေရတဲ့ရက်တွေတုန်းကဆိုလည်း သူအိမ်မှာအရမ်းပျင်းနေလို့ဆိုပြီး ကျောင်းဝင်းထဲလာလာစောင့်နေတတ်တယ်။ ပျင်းနေရင် ဈေးရောင်းနေလို့ဆိုတော့ လူဆူနေလို့ပါတဲ့။ သူ့ဆင်ခြေတွေကို ကျွန်မ လိုက်မမီတော့ပါဘူး။

ကျွန်မကြိုက်တဲ့ ဂရင်းတီးရေခဲမုန့်ကို လက်ထဲကနေ တစ်ဘူးလုံးဆွဲယူသွားတဲ့နေ့က  ပြေးပြီးတောင်ရိုက်ချင်တယ်။ ပထမတစ်ခါ ဆေးလိပ် ..  ဒုတိယ ဂစ်တာ.. တတိယ စက်ဘီးကယ်ရီယာခုံ..  စတုတ္ထ ရေခဲမုန့်... အဲ့ဒီ ဆိုးခနဲဆတ်ခနဲမြန်တဲ့သူ့လက်ကို ခပ်နာနာလေး တစ်ချက်လောက်ရိုက်ပစ်ချင်မိတော့တယ်။

The Last Grab ( Lee HeeSeung × OC ) Where stories live. Discover now