Zawgyi
အဲလစ်ဟာ သူဒီကို လာတုန်းက ဘေယာ့ဒ် လှမ်းပစ်လိုက်သည့် ဦးထုပ်ကိုလာရှာဖွေခဲ့ပေမယ့် ထူးဆန်းစွာ ဟတ်တာရဲ့ ဦးထုပ်ဟာ ရှိမနေခဲ့ချေ၊အဲလစ်ရဲ့ ရွှေရောင်မျက်ခုံးများဟာ အလယ်ကိုကြုတ်သွားပြီး...
"ဒီပန်းခြံထဲ ရောက်သွားတာ သေချာပါတယ်... တစ်ယောက်ယောက်များ ယူသွားတာလား" အဲလစ် ဇဝေဇဝါဖြစ်သွားပေမယ့် သူဟာ နေရာမှားရှာမိသလားဟု ထင်မှတ်ကာ ပန်းဥယျာဉ်ရဲ့အခြားထောင့်တွေပါ မကျန်ရှာဖွေလိုက်ပေမယ့် ဦးထုပ်မပြောနဲ့ မည်သည့်အရိပ်အယောင်မှ မတွေ့တာကြောင့် သူသက်ပြင်းချလိုက်တော့သည်၊
"ဒီကိစ္စနဲ့ပတ်သတ်ပြီး ဟတ်တာ ငါ့ကို စိတ်မဆိုးဖို့မျှော်လင့်တာပဲ"လို့ အဲလစ်ဟာ တကိုယ်တည်းရေရွတ်တာပြောဆိုရင်း ထွက်သွားတော့သည်၊အဝေးကနေ အနီရောင်ဘုရင်လေးကတော့ စုတ်ဟောင်းနေသည့် ဦးထုပ်ကို ကိုင်ရင်း တချက်ပြုံးယောင်သန်းသွားတော့သည်၊
'အဲလစ် ကျေးဇူးပါ...ဒီဦးထုပ်က ဟတ်တာအနားကို ငါကပ်ဖို့ အရေးကြီးဆုံးသော့ချက်ပဲ' လို့ တွေးရင်း လှည့်ထွက်သွားတော့သည်၊သေချာသတိထားမိမယ်ဆိုရင် အနီရောင်ဘုရင်လေးဟာ အရမ်းကိုအူမြူးနေပြီး နူတ်ခမ်းလေးများပင် အပေါ်ကော့ကွေးနေတော့သည်၊
အနီရောင်ဘုရင်လေးဟာ သူရဲ့နန်းဆောင်ကို ပြန်လာပြီး အခြားလုပ်စရာရှိတာလုပ်နေရင်းမှာပင် နေဝင်သွားတော့သည်၊ထိုနောက် သူဟာ မကြာခင်ခိုးခံရတော့မည့် ဗျာဒိတ်တော်ကို ကြည့်ရင်း၊သူဟာ မသိမသာပင် သူဖန်တီးထားသည့် အတုနဲ့လဲယူလိုက်သည်၊အနီရောင်ဘုရင်လေးရဲ့ပြောင်းလဲသွားတဲ့အကြောင်းအရာကို အခြားသူတွေ အသိမခံနိုင်ပေ၊ထိုနောက်မှာတော့ စတိန်းဟာ ဝင်လာတော့သည်၊ အိုင်ရေးစ်ဘတ်ဟာ စတိန်းကို မြင်တော့ ပူပင်ချင်ဟန်ဆောင်လိုက်ပြီး ...
"မင်း အဲလစ်ကို တွေ့အောင်ရှာရမယ် စတိန်း...ဂျက်ဘာဝေါ့ကီမရှိရင် ငါ့ညီရဲ့နောက်လိုက်တွေက ငါ့ကို ပုန်ကန်ကြလိမ့်မယ်"လို့ သူထိတ်လန့်နေသည့်အသံနဲ့ပြောလိုက်သည်၊ဒါပေမယ့် သူအနေနဲ့တော့ အချိန်တန်ရင် အဖြူရောင်မင်းသားဟာ နန်းကို ပြန်ရမည်ကို သိရှိတာကြောင့် သိပ်ပြီး ထွေထွေထူးထူးမမက်မောမိတာ အမှန်ပေ၊ဒါပေမယ့်လည်း သူဝင်ထားသည့် အနီရောင်ဘုရင်လေး အိုင်ရေးစ်ဘတ်လိုမျိုး ဒေါသကြီးပြီး အာဏာမက်မောသည့်သူတစ်ယောက်လို ဟန်ဆောင်နေရမည်မလား
BẠN ĐANG ĐỌC
Viễn tưởngzawgyi/unicode Started date: 7.9.2020 End date: ???? ပုံပြင်တွေကို ပြန်လည်မွမ်းမံသူ (System)