Arc.1.1(Alice in the wonderland)

3K 489 114
                                    


Zawgyi

အန်းကျစ် သူစာအုပ်ထဲဝင်သွားသည်ကို ခံစားရပေမယ့် ထူးဆန်းစွာ သူရဲ့စိတ်ဟာတည်ငြိမ်နေသည်၊ပတ်ပတ်လည်လည်မှာ ရွှေရောင်တွေနဲ့သာ ပြည့်နှပ်နေပြီး သူရဲ့ကိုယ်ဟာလည်း လေပေါ်မှာ ရပ်နေသည်၊ထိုစဉ် 'ပုံပြင်တွေကို ပြန်လည်မွမ်းမံသူ အန်းကျစ်' လို့ရေးထားသည့် ခေါင်းစဉ်ဖြင့် အိုမင်းပြီးအနားသပ်တွေမှာ ရွှေရောင်တွေနဲ့မွမ်းမံထားသည့် စာအုပ်ဟာ သူဆီပျံသန်းလာကာ အဖုံးဟာပွင့်လာပြီး

[ရွှေရောင်နယ်မြေကနေ ကြိုဆိုပါတယ် Host အန်းကျစ်]

'...အင်း မင်းက ဘယ်သူလဲ'

[ပုံပြင် စာအုပ် လို့ ခေါ်ဆိုနိုင်ပါတယ် နာမည်ရှည်တယ်ထင်ရင် အုပ်အုပ်လို့ခေါ်လို့ရပါတယ်] စာအုပ်လေးဟာယမ်းယိုင်ပြီး ပြောလိုက်သည်၊

'...အုပ်အုပ် ...လုပ်လေ'

[ဘာလုပ်ရမှာလဲ] စာအုပ်ရဲ့ထိပ်လေးတွင်'?'ပုံလေးပေါ်ကာ အန်းကျစ်ကို ပြန်မေးလိုက်သည်၊

'...ငါ့ကို ခေါ်လာတဲ့အကြောင်းအရင်းလေးတွေဘာလေးတွေ ရှင်းမပြတော့ဘူးလား??' ဒါက အစ ငါပြောပြနေရမှာလဲ အုပ်အုပ်ရယ်

ထိုအခါမှ စာအုပ်ရဲ့ထိပ်လေးတွင် '!' ပေါ်လာပြီး ခေါင်းညိတ်သလို ရှေ့ကိုလှုပ်ခါလှုပ်ခါပြီး

[မေ့သွားလို့... အဟမ်း ဒီရွှေရောင်နယ်မြေမှာ ရွေးချယ်ခံရတဲ့Host အားလုံးမှာ..... ခဏ ဘာပါလိမ့် Host အန်းကျစ်ခဏနော် မေ့သွားလို့]

'.....သြော်..အေးအေး ဖြေးဖြေးစဉ်းစားပါ'

[စည်းကမ်းချက် ၂၃၄ခုရှိတယ်...ထားပါ သုံးခုပဲမှတ်ထားလိုက်တော့နော်၊ကျန်တာ ကျူးးကျော်ရင်ဘယ်သူသိမှာမို့လို့လဲ အုပ်အုပ်လည်း ရွတ်ရမှာပျင်းတယ် အဓိက အချက်တွေက အရေးပါတဲ့ဇာတ်ကောင်တွေကို မသတ်ရဘူး၊ အဓိကဇာတ်လိုက်တွေရဲ့ဇာတ်သိမ်းကိုမပြောင်းလဲရဘူး၊out of characterမဖြစ်ရဘူး... သြော် ဒါပေမယ့် ပုံပြင်တခုမှာ ရွှေရောင်မေးခွန်းတခုဆီ ထားထားပေးတယ်!တကယ်လို့ ဖြေနိုင်ခဲ့ရင် စည်းကမ်းချက်ကြီးတစ်ခုကိုဖောက်လို့ရတယ်...]

'....' ဟုတ်ပြီ ၂၃၄ချက်ရှိပေမယ့် အုပ်အုပ်ရဲ့ပျင်းရိနေသောစိတ်များကြောင့် အဓိကအချက်တွေသာနားထောင်လိုက်ရသည့် အန်းကျစ်၊

ပုံပြင်တွေကို ပြန်လည်မွမ်းမံသူ (System) Where stories live. Discover now