Arc.1.6(Alice in the wonderland)

2K 368 47
                                    

Zawgyi

"မင်းက အသုံးမကျချက်ပဲ... ရှေ့တော်သွင်းစမ်း" လို့ အိုင်ရေးစ်ဘတ်ရဲ့ အသံနှင့်အတူ  ခမ်းနားသည့် တံခါးနှစ်ချပ်ဟာ ပွင့်သွားကာ အနီရောင်သူရဲကောင်းများနဲ့အတူ ဆံပင်အဖြူရောင်နဲ့ မျက်နှာပေါ်မှာ ခနဲ့အပြုံးတစ်ခုတပ်ဆင်ကာ အဝတ်အစားများကို ဖြစ်ကလက်ဆန်းဝတ်ဆင်ထားသည့်လူဟာ ဝင်လာတော့သည် ၊

အိုင်ရေးစ်ဘတ်ဟာ ထိုလူကိုကြည့်ရင်း...'ဒါ ငါအကြိုက်ဆုံးဇာတ်ကောင်ပဲ oh my god!! My husband ကြီး ချောလိုက်တာ... ကြည့်အုန်း အရပ်ကလည်းရှည်ချက် ! ရုပ်ကလည်း ချောမောခန့်ညားလိုက်တာ! ကြွေပါပြီ ကိုကိုဟတ်တာရယ်'လို့ တွေးတောနေပေမယ့် တကယ့်လက်တွေမှာတော့ ခပ်တည်တည်မျက်နှာထားဖြင့်... ကြည့်လိုက်သည်၊

ဟတ်တာဟာ အနီရောင်ဘုရင်လေးရှေ့ ဒူးထောက်လိုက်ပြီး တည်ငြိမ်သည့်မျက်နှာထားဖြင့် တချက်ကြည့်ကာ ဘေးကိုလည်းကြည့်လိုက်သေးသည်၊ ထိုအချင်းအရာကို အိုင်ရေးစ်ဘတ်ဟာ မြင်ပေမယ့် မသိချင်ယောင်ဆောင်လိုက်ပြီး လိုရင်းကိုသာ မေးလိုက်သည်

" အဲလစ်တစ်ယောက် မြေအောက်ကမ္ဘာကို ပြန်လာတယ်လို့ ကြားတယ် အခုဘယ်မှာလဲ "လို့ အိုင်ရေးစ်ဘတ်ဟာ မသိမသာသူဘေးမှာထိုင်နေသည့် အမ်း ခေါ် အဲလစ်ရဲ့မျက်နှာအမူအရာကို အကဲခတ်လိုက်ပြီး..ဟတ်တာရဲ့အဖြေကို စောင့်မျှော်နေလိုက်သည်...

ဟတ်တာဟာ မျက်တောင်သုံးလေးချက်ပုတ်လိုက်ပြီး ပြုံးကာ...

"ဒီကျွန် စဉ်းစားမိတဲ့ စကားလုံးတွေ ရှိပါတယ်"လို့ ပြောရင်း သူ့လက်များဟာ လှုပ်သွားကာကြောင့် သံကြိုးတစ်ခုနဲ့တစ်ခု ထိတိုက်သံများသည် ခန်းမဆောင်တစ်ခုလုံး ပြန့်နှံ့သွားတော့သည်

ဟတ်တာဟာ အနီရောင်ဘုရင်ကို ကြည့်လိုက်ပြီး...
"မတရားထီးနန်းကို လုတယ် လူသတ်တယ် ရန်ငြိုးထားတယ်" လို့ အေးအေးဆေးဆေးပြောပေမယ့် ဟတ်တာရဲ့လေသံများကြားတွင် မုန်းတီးမှုများ၊နာကျင်မှုများရောနှောနေသည်၊

'ငါရဲ့ယောကျာ်းက ငါ့ကို မုန်းတီးနေတယ်!! ငါ ဒီပုံရိပ်ကို ချေဖျက်ရမယ်!! 'လို့ လီရှန်ဟွာဟာ စိတ်ထဲမှာ စိတ်ပျက်စွာညည်းညူပြောဆိုလိုက်ပေမယ့် အပြင်ဘက်မှာတော့ ဟတ်တာကို စိတ်ပျက်စွာကြည့်လိုက်ပြီး...

ပုံပြင်တွေကို ပြန်လည်မွမ်းမံသူ (System) Donde viven las historias. Descúbrelo ahora