Zawgyiအဲလစ်လည်း စကားပြောတတ်တဲ့ပြုံးရယ်နေတဲ့ကြောင်နောက်ကို လိုက်သွားရင်း အနည်းငယ် ဆူညံနေသံကို ကြားလိုက်တော့...
တောအုပ်ရဲ့အလယ်မှာ ရှည်လျားပြီး လက်ဖက်ရည်ခွက်တွေအချိုမှုန့်တွေတင်ထားသည့် စားပွဲခုံရှည်ကြီးရယ် ခုနက တွေ့ခဲ့တဲ့ ကြွက်ပေါက်လေး မယ်လီနဲ့ တခြမ်းကွဲနေတဲ့ ဖန်ခွက်ထဲ လက်ဖက်ရည်တွေလောင်းချကာထည့်နေသည့် ရူးနှမ်းနှမ်းတောယုန်တစ်ကောင်ကိုလည်း တွေ့လိုက်ရသည်၊သူဆက်ကြည့်နေရင်း... လူတစ်ယောက်ဟာ ရုတ်တရက်ထလာတာ မြင်တော့ ကြည့်လိုက်တော့ ငွေရောင်ဆံပင်ကိုမှ ထောင့်ဖျားနားတွေ လိမ္မော်ရောင် ရောစပ်ထားတဲ့ဆံပင် နဲ့အနည်းငယ်စုတ်ပြတ်သတ်နေတဲ့ဦးထုပ်ကိုဆောင်းထားကာ ခပ်ချောချောမျက်နှာကိုပိုင်ဆိုင်ထားသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်၊ထိုလူဟာ သူဆီကို ခုံပေါ်ကနေ ဖြတ်သန်းလာပြီး....သူရှေ့တွင် ဒူးထောက်ထိုင်ကျကာ.."မင်းပဲ" လို့ပြောလိုက်သည်၊ဟုတ်ပြီ သူဟာအရွယ်ကျုံအောင်လုပ်တဲ့ဆေးရည်တိုက်ထားတာကြောင့် အရွယ်သေးနေတာ စိတ်ပျက်စရာပဲ၊
"အဲ့တာ အဲလစ်မဟုတ်ဘူး မက်တွစ် မှားခေါ်လာခဲ့တာ ”လို့ မယ်လီဟာ ပြောလိုက်တော့ တောယုန်ုကြီးဟာ သူနားရွက်များကိုမေးစေ့ပေါ်တင်လိုက်ပြီး...
"အဲလစ် အတုဟ!!"လို့ အော်ပြောနေတော့သည်၊
"မဟုတ်ဘူး ငါ ဘယ်တော့မှ မမှားဘူး သူက အဲလစ်ပဲ...ဘယ်နေရာရောက်ရောက် အဲလစ်ဆိုတာ ငါမှတ်မိတယ်"လို့ ရယ်မောကာပြောလိုက်သည်၊
"မင်း မြင်တဲ့အတိုင်းပဲ ငါတို့ လက်ဖက်ရည်ပွဲတည်နေကျတာပေါ့"အဲလစ်ကို လက်မောင်းကနေဆွဲကိုင်လိုက်ပြီး စားပွဲပေါ်ပြန်တတ်တာ ခေါ်သွားတော့သည်၊အစွန်းဆုံးခုံရောက်မှ ဆင်းလိုက်ပြီး ဟတ်တာက ထိပ်ဆုံးခုံမှာ ဝင်ထိုင်ရင်း...
"ငါတို့က မင်းကို စောင့်နေရင်း လက်ဖက်ရည်သောက်ပြီး အချိန်ဖြန်းနေကျတာပေါ့... မင်း တော်တော်တော့ နောက်ကျတာပဲ"
"ဘာပဲဖြစ်ဖြစ် အချိန်တွေတောင် စိတ်ပျက်ပြီး ရပ်ကုန်ပြီပဲလေ" အဲလစ်ကို သူရဲ့ဘေးခုံမှာ တင်ပေးရင်းပြောလိုက်သည်
BẠN ĐANG ĐỌC
Viễn tưởngzawgyi/unicode Started date: 7.9.2020 End date: ???? ပုံပြင်တွေကို ပြန်လည်မွမ်းမံသူ (System)