Arc.1.4(Alice in the wonderland)

1.6K 359 11
                                    


Zawgyi

အနီရောင်သူရဲကောင်းတွေဟာ ဝိုင်းရံလာပြီး... အနီရောင်ဘုရင်ကြီး လက်ညှိုးညွှန်ပြသည့် လူတွေကို ဖမ်းဆီးချုပ်နှောင်လိုက်ကာ...ခေါ်ဆောင်သွားတော့သည်၊ အိုင်ရေးစ်ဘတ်ဟာ မြေပြင်ပေါ်တွင့် ဒူးထောက် ထိုင်ချလိုက်ပြီး နာကျင်မှုကြောင့် အော်ဟစ်လိုက်ရင်း ညာဘက်မျက်ဝန်းထောင့်ကနေ သွေးမျက်ရည်များစီးကျလာတော့သည်....

ဒါပေမယ့် သေမှာ ကြောက်တာကြောင့် အိုင်ရေးစ်ဘတ်နားတွေ မည်သူမျှ မရှိချေ၊ဖေးမမဲ့သူမရှိ ၊ အထီးကျန်စွာ မြေပြင်ပေါ်တွင် ခေါင်းထဲမှာနာကျင်ဝေဒနာတွေကို အကြိတ်အနယ်ခံစားရင်း... သူကိုယ်သူ ထိန်းသိမ်းနေတော့သည်၊...
လီရှန်ဟွာပင် အိုင်ရေးစ်ဘတ်ကို တော်တော်သနားသွားသည်...အိုင်ရေးစ်ဘတ်ရဲ့ ဒိုင်နာရီလေး တစ်ခုထဲမှာ ရေးထားသည့်စာသားအချို့ကိုလည်း သတိရမိသွားသည်....

{ဒေါသကြီးတဲ့အနီရောင်ဘုရင်ကြီး ကျဆုံးပါစေ တဲ့လား

ကိုယ်နဲ့မထိုက်တန်တဲ့နန်းကို ယူထားတဲ့သူကို ပြည်သူအားလုံးဟာ
မုန်းတီးကျတယ်၊ကိုယ့်ညီရဲ့နန်းကို မတရားယူထားတဲ့သူပေါ့...
အစထဲက အရိုက်အရာဆက်ခံရမဲ့သူက ငါဆိုတာကိုတော့ မေ့နေကျတယ်....

ပြသာနာအားလုံးရဲ့အစက ဘယ်သူလဲ
အတိတ်ဟာအတိတ်မှာပဲ ထားခဲ့လိုက်?
ခံရတဲ့သူက မင်းတို့မှမဟုတ်ခဲ့တာ...

သူက အဖြူရောင်ကို ကြိုက်နှစ်သက်တယ်...
ကြင်နာတယ် ဂရုစိုက်တယ်...ဒါမင်းတို့အမြင်ပေါ့

ငါက အနီရောင်ကို ကြိုက်နှစ်သက်တယ်...
ရက်စက်တယ် လူသတ်ရတာကို ကြိုက်တယ်.. ဗီလိန်အကြီးစားပေါ့

ခေါင်းကိုက်ခဲလာပြီး နာကျင်ရူးသွပ်စွာ မြေကြီးပေါ်လူးလိမ့်တဲ့အတိတ်က ငါ့ကို မင်းတို့  လှောင်ရယ်ပျက်ရယ်ပြုခဲ့ကျတယ်...

အဖြူရောင်ဘုရင်ကို ကျတော့ အနည်းငယ်လေးအထိအခိုက်မခံ
ကာကွယ်ပေးကျတယ်...အရာအားလုံးအစဟာ ဘယ်သူ့အမှားလဲ

ငါလိုချင်ခဲ့တာက...ကိုယ့်အပြစ်ကိုယ် ဝန်ခံရဲတဲ့ညီတစ်ယောက်}ပဲ ထိုစာလေးဟာ အနီရောင်စာအုပ်ကြီးထဲတွင် တစ်မျက်နှာတည်းသာ ရေးသားဖွဲ့ဆိုထားသည့် အနီရောင်ဘုရင်လေးရဲ့ ခံစားချက်ဖြစ်သည်...

ပုံပြင်တွေကို ပြန်လည်မွမ်းမံသူ (System) Where stories live. Discover now