Arc.1.2(Alice in the wonderland)

2.3K 447 12
                                    


Zawgyi

ထိုချိန်တွင် အမှောင်တောအုပ်ကြီးရဲ့ တနေရာမှာ ဆံပင်ရွေရောင်နဲ့ကောင်လေးတစ်ယောက်ဟာ ဘန်ဒါစနက်ခ်ျရဲ့ ကုတ်ရာကြောင့် ထွက်ပြေးလွတ်မြောက်လာခဲ့သည်၊ ဆံပင်ရွှေရောင်များနဲ့အပြာရောင်မျက်ဝန်းများ... လေးထောင့်ဆန်တဲ့မျက်နှာပေါက် စင်းနေသောနှာတံ ၊ဘန်ဒါရဲ့လက်သည်းအဆိပ်ကြောင့် တင်းခံကာ ကိုက်ထားသည့် အညိုရောင်နူတ်ခမ်းပါး...ထိုလူငယ်ဟာ အိုင်ရေးစ်ဘတ်ရှာခိုင်းလိုက်သည့် အဲလစ် စကင်းလေ ဖြစ်သည်၊

အဲလစ်ဟာ နေရောင်ခြည်တောင် မတိုးဝင်နိုင်တဲ့ မြောက်ဘက်တောကြီးထဲမှာ လမ်းပျောက်နေခြင်းဖြစ်သည်၊ကြောက်စရာကောင်းတဲ့ သားရဲများရဲ့အော်ဟစ်ညည်းညူသံများ ထူးဆန်းတဲ့အသံများကြောင့် မိမိကိုယ်ကို သတ္တိရှိတယ်ထင်မိသည့် အဲလစ်ပင် ကြက်သီးများထသွားသလိုပင်....ပြီးတော့ သူကိုတယောက်ယောက်က စောင့်ကြည့်နေသလိုခံစားရတာကြောင့် နောက်ကျောမလုံစွာ အနောက်ကို ခဏခဏလှည့်ကြည့်ရင်း အဆိပ်တတ်လာသော လက်မောင်းရှိဒဏ်ရာကြောင့်... မျက်နှာရှုံ့မဲ့သွားချိန်တွင်...

ချိုသာပြီး ခပ်နောက်နောက်နဲ့ယောကျာ်းလေးအသံထွက်လာကာ...

"မင်း ဘယ်သားရဲလက်ထဲကနေ ထွက်ပြေးလွတ်မြောက်လာတာလဲ" လေပေါ်မှာ ပျံဝဲနေပြီး အပြာရောင်အဆင်းများနဲ့ကြောင်တစ်ကောင်ဟာ ပြောလိုက်တော့သည်၊ ကြောင်တစ်ကောင်က စကားပြောတတ်တယ်!ပြီးတော့ ပြုံးနေသေးတယ်....

"ငါ အခုထိ အိပ်မက်မက်နေတုန်းပဲ!"လို့ အဲလစ်ဟာ အံ့အားသင့်စွာ ပြောလိုက်သည်

"ကောင်လေး မင်းဘာဖြစ်တာလဲ" ကြောင်ကြီးရဲ့ဝိုင်းစက်နေတဲ့မျက်ဝန်းများဟာ အဲလစ်ရဲ့ဒဏ်ရာကိုကြည့်ရင်း စိုးရိမ်သောအသံဖြင့်မေးလိုက်သည်

အဲလစ်ဟာ သူရဲ့ဒဏ်ရာကို ပြောမှန်းသိတာကြောင့် အနာကိုတချက်ကြည့်ရင်း ပြုံးနေပြီးစကားပြောတတ်တဲ့ကြောင်အား

"ဘန်နာဆိုလား ဘန်ဒါဆိုလား" အမှန်တော့ ပြေးလွှားနေရင်း ထိုသားရဲကြီးရဲ့နာမည်ကို တွင်ဒဒမ်တို့အော်လိုက်တာ သူကြားပေမယ့် နာမည်အပြည့်အစုံတော့ မမှတ်မိပေ....

ပုံပြင်တွေကို ပြန်လည်မွမ်းမံသူ (System) Where stories live. Discover now