အန်းကျစ်(အန်းကျစ်)

8.5K 641 28
                                    

ပဲကြီးလှော် တထုပ် ဘယ်လောက်လဲ...မသိဘူး စားပြီ

Zawgyi

ပြတင်းပေါက်ကနေတဆင့်  နေရောင်ခြည်ဟာကုတင်ပေါ်ရှိ ကောင်လေးရဲ့မျက်နှာပေါ်ကို ကျရောက်လာတော့ ကောင်လေးရဲ့မျက်ခုံးများကြုတ်သွားကာ မျက်နှာကိုစောင်နဲ့ကွယ်ကာ ဖုံးအုပ်လိုက်သည်၊မိနစ်အနည်းငယ်ကြာတော့ နာရီနိုးစက်အသံဟာ ငြိမ်သက်နေသော အခန်းလေးရဲ့လေထုကို ဆူညံစွာနိုးဆွပေးလိုက်တော့သည်... စောင်အောက်ထဲက ကောင်လေးဟာ လှုပ်ရွလှုပ်ရွဖြစ်လာပြီး ခုံပေါ်ရှိ ထိုဆူညံနေတဲ့နာရီနိုးစက်ကို ခေါင်းအုံးနဲ့လှမ်းပစ်ပေါက်ပြီး စောင်ထဲကနေ နိုးတဝက်အိပ်တဝက်နဲ့ထလာပြီး ကုတင်ပေါ်တွေ ငုတ်တုတ်လေးထိုင်ငိုက်နေတော့သည်၊ မိန်းကလေးတွေလောက်တောင် ဖွံဖြိုးမှုမရှိတဲ့ ကုတင်ပေါ်ရှိ ၂၁အရွယ် ကလေးဆန်ဆန်မျက်နှာလေးနဲ့ပိုင်ရှင်ကတော့ ပုံပြင်တွေကိုရူးသွပ်စွာနှစ်ခြိုက်သည့် အန်းကျစ်လို့ ခေါ်တဲ့ ဟွာရမ်းကောလိပ်ရဲ့ ဒုတိယနှစ်ကျောင်းသားလေးဖြစ်သည်၊

နောက်တခေါက်မြည်လာတဲ့နိုးစက်အသံကြောင့် ကောင်လေးရဲ့အနက်ရောင်မျက်ဝန်းများဟာ ဖြေးညင်းစွာပွင့်လာပြီး လက်လေးနှစ်ဖက်ကိုအပေါ်ကိုမြောက်ကာ ခါးလေးကိုကော့ပြီး အပျင်းကြောဆွဲလိုက်တော့ ညဝတ်အင်္ကျီလေးအောက်က ခါးသိမ်သိမ်လေးဟာ မနက်ခင်းအလှနဲ့အတူပေါ်ထွက်လာတော့သည်၊ ထိုနောက် ကုတင်ပေါ်ကနေ ယိုင်တိယိုင်တိုင်နဲ့ဆင်းလာပြီး... ရေချိုးခန်းထဲကို ဝင်သွားပြီး အဖုံးအုပ်ထားသော အိပ်သာခွက်ပေါ်မှာ ထပ်ကိုင်နေရင်း ညတုန်းကမက်တဲ့ပုံပြင်လေးအကြောင်းစဉ်းစားကာ....ပြန်အိပ်ပျော်သွားတော့သည်၊ ၇ပေ၊၄ပေပတ်လည်ရှိတဲ့ အိမ်သာအခန်းကျဉ်းလေးထဲမှာ ငိုက်ရင်းငိုက်ရင်း ဘေးကအိမ်သာနံရံနဲ့ မနက်ခင်းနဖူးတိုက်ကွက်ပေးပြီးနောက် အနက်ရောင်မျက်ဝန်းများဟာ ပြူးကျယ်စွာနိုးလာပြီး... မျက်နှာသစ်၊သွားအမြန်တိုက်ကာ အခန်းအပြင်ကို တမန်းတတန်းထွက်လာပြီး နာရီကိုပြေးကြည့်လိုက်တော့....!

"Oh my God!! ဆယ်နာရီတောင်ထိုးတော့မယ်!!" ကောင်လေးရဲ့ အသံသေးသေးလေးဟာ ထွက်လာပြီး၊တွေ့တဲ့အင်္ကျီကောက်ဝတ်ရင်း အတွင်းခံအောက်ခံဘောင်းဘီတွေမလျှော်ရသေးတာ သွားသတိရကာ သူနဖူးသူလက်နဲ့စိတ်ပျက်စွာ ပြန်ရိုက်ရင်း ကြမ်းပြင်ပေါ်ကျနေတဲ့ မနေ့က ဝတ်ထားသည့် အောက်ခံဘောင်းဘီကို ကောက်ယူရင်း နှာခေါင်းနားကပ်ကာ ရှူကြည့်လိုက်တော့... အနည်းငယ်အနံ့ထွက်နေရုံကလွဲ၍ ဆိုးဆိုးဝါးဝါးမရှိတာကြောင့် ထိုအောက်ခံအောင်းဘီကိုသာ ကောက်ဝတ်ရင်း ဂျင်းဘောင်းဘီရှည်တဝတ်ကို ဗီရိုထဲကထုတ်ဝတ်ကာ လွယ်အိတ်ကိုကောက်ဆွဲပြီး ကောလိပ်ဆီထွက်လာလိုက်သည်၊သူအိမ်နဲ့ကောလိပ်ဟာ ၅မိနစ်ကျော်ကျော်သာလမ်းလျှောက်ရတာကြောင့် လီရှန်ဟွာအတွက် ပြသာနာမရှိပေ၊ သူဟာ ကောလိပ်ထဲကိုဝင်လာပြီး ၉နာရီကနေ ၁၁နာရီကြားဖြစ်တဲ့ အပေါက်ဆိုးတဲ့ပါမောက္ခအချိန်ကိုကျော်ကာ သူရဲ့တနေ့တာလုပ်နေကျအတိုင်း ကောလိပ်စာကြည့်ဆောင်ဘက်ကိုထွက်လာခဲ့လိုက်သည်၊

ပုံပြင်တွေကို ပြန်လည်မွမ်းမံသူ (System) Donde viven las historias. Descúbrelo ahora