1 ( U+Z )

14.2K 287 2
                                    

လွန်ခဲ့သော ဆယ်နှစ်ခန့်က

"ကျွန်တော်ကိုကို့ကိုချစ်တယ်"

နှုတ်ခမ်းပါးရဲရဲတို့ကဖွင့်ဟလာသည်။သူ့ပုံလေးကအတော်အရဲစွန့်ကာပြောနေပုံရသည်။

အပြောခံရသူကတော့တည်တည်ငြိမ်ငြိမ်နှင့်ပင်

"မင်း အသက်ဘယ်လောက်လဲ"

ဟု ကိုယ်ကိုကိုင်းညွတ်ကာမေးသည်။

အရပ်ချင်းကအတော်ကွာလွန်းနေသည်မို့။

"ဆယ့်သုံးနှစ်"

သုံးနှစ်ကျော်ကျော်ကွာသည့်အသက်အရွယ်နှစ်ခု။

"မင်း အခုမှ ရှစ်တန်းပဲရှိသေးတာ။ချစ်တယ်ဆိုတာဘာကိုပြောလဲမင်းသိလား"

ထိုကလေးရဲ့ခပ်အုပ်အုပ်ဆံပင်တို့အားအသာအယာပုတ်ကာမေးတော့

"ကျွန်တော်တို့နှစ်ယောက်ချစ်သူဖြစ်သွားတာ။ကျွန်တော်ကလည်းကိုကို့ကိုချစ်တယ်။ကိုကိုကလည်းကျွန်တော့်ကိုချစ်တယ်။ကျွန်တော်တို့လက်တွေအမြဲကိုင်ထားကြတယ် အဲလိုမျိုးကိုပြောတာ"

ဟု သူနားလည်သမျှကိုအတိအကျလေးဖြေရှာသည်။

"ချစ်သူဆိုတာရော ဘာကိုပြောတာလဲ။ မင်းနားလည်လို့လား"

သူထပ်မေးတော့

"ကျောင်းပိတ်ရက်မှာ ကျွန်တော်တို့နှစ်ယောက်လက်ဆွဲပြီး ပန်းခြံတွေသွားမယ်။ကစားကွင်းသွားမယ်။ရုပ်ရှင်အတူကြည့်မယ်။မုန့်တွေဝယ်စားကြမယ်။ချစ်သူတွေကဒီလိုတွေလုပ်ကြတယ်လေ"

မျက်ဝန်းနက်နက်တို့ကတလက်လက်တောက်ကာ ထပ်ဖြေသည်။

"မင်းက ကလေးပဲရှိသေးတယ်။မင်ငယ်ပါသေးတယ်"

"ကျွန်တော့်ကိုချစ်လား"

တဖက်လူ၏မေးခွန်းတို့ကိုစိတ်မရှည်ဟန်နှင့်သူကမျက်မှောင်ကလေးကျုံ့ကာမေးသည်။

"မင်းလူကြီးဖြစ်လာလ်ို့အချစ်ကြောင်းတွေအများကြီးသိလာခဲ့ရင်မင်းအားလုံးကိုနားလည်သွားမှာပါ။အခုမင်းက ကလေးလေးပဲရှိသေးတယ်"

သူလိုချင်သည့်အဖြေကိုမရလေသည်မို့ထပ်မံမေးနေတော့သည်။

"ကျွန်တော့်ကိုချစ်လား"

My Lovely Secretary Onde histórias criam vida. Descubra agora