[Unicode]
"မင်း ပြန်လာရဲရင် ပြန်လာကြည့်လိုက်! သွား!"
"ဘီဘီ နေဦးလေ ဘီ.."
"ဘာမှ ဘီဘီတွေ ဘောင်ဘောင်တွေလာမလုပ်နဲ့ သွားဆို သွား !!!သွား!!!!!"
"ဒုန်း!!!!!"
တံခါးဆောင့်ပိတ်လိုက်သံက ကျယ်လောင်လွန်းတာကြောင့် ဘေးအခန်းကလူများပင် ထွက်ချောင်းကြည့်လာကြသည်..။
ကုန်းကျွင်း မျက်နှာကိုတည်လိုက်ကာ ဘာကြည့်နေတာလဲ အချိုးမျိုးနှင့်ပြန်ကြည့်ပေးလိုက်တော့ ပြန်ဝင်သွားကြသည်မှာ လှစ်ခနဲ..။
ကုန်းကျွင်းတွန်းထုတ်ခံလိုက်ရ၍ ပုံပျက်နေသော အင်္ကျီကို အရင်ပြင်လိုက်သည်..။အိမ်ထဲပြန်ဝင်ဖို့တော့ လောလောဆယ် စိတ်မကူးရဲ..။
ဘီဘီ့အကြောင်း ကုန်းကျွင်းတို့သိတာပေါ့..။
အခန်းတံခါးနားမှာပဲဆက်ရပ်နေပြီး သနားအောင် နေပြလိုက်ရင် သူစိတ်ပြန်လည်လာလောက်တာပဲ..။
"ဘီဘီရယ် ညလည်းရောက်နေပြီ အပြင်မှာ ဒီလောက်အေးခဲနေတာ ကိုယ့်ကို ခဲပြီးသေစေချင်လို့လား ကိုယ်တောင်းပန်ပါတယ် တကယ်ထပ်မလုပ်တော့ပါဘူး
"
ကုန်းကျွင်း wechat မှတစ်ဆင့် သူ့ဘီဘီဆီvm ပို့လိုက်သည်..။ seen ပြသည်..သို့သော် ပြန်စာမလာ..။ကုန်းကျွင်း နောက်တစ်ကြိမ် ထပ်ပို့ရန်ပြင်လိုက်တော့ အခန်းတံခါးက ပွင့်လာပြီး ပြုံးပြလာသော ကျယ့်ဟန်..။
ရုတ်တရက်ကြီး ပြုံးပြတဲ့ ကျစ်ဟန်ကို ကုန်းကျွင်းအစပိုင်းနားမလည်နိုင်..။သို့သော် အနောက်က အထုတ်ကြီးကတော့ အဖြေကို ပြောပြနေသယောင်ယောင်ပင်..။
"ရော့ မင်း အဝတ်တွေ !!"
ပြုံးပြပြီးမှ ပစ်ထုတ်ပေးလိုက်တဲ့ အဝတ်ထုတ်ကြောင့် ကုန်းကျွင်းအထုတ်ပိုက်လျက်သား နောက်ပြန်ထိုင်ကျသွားတော့သည်..။
"ဘီ ..နေဦး"
"ဝမ်အန်း ပြန်မလာတော့နဲ့"
"ဘီ!!"
"ဒုန်း"
တံခါးက ဒုတိယအကြိမ် ဆောင့်ပိတ်ခံလိုက်ရသည်..။ဒီတစ်ခါတော့ ထွက်ချောင်းတဲ့ ဘေးခန်းကလူတွေကိုလည်း ပြန်မစွာနိုင်တော့ချေ..။